ဒါနကိုယိုးမယ်မဖွဲ့သင့်ပါ
************
ဒါနသည်သံသရာကိုတိုစေသည်၊ ရှည်စေသည်ဟုငြင်းခုံတတ်ကြသည်။သံသရာအတို၊ အရှည်ဝယ်ဒါနကိုယိုးမယ်မဖွဲ့သင့်ပါ။ဒါနပြုရာဝယ် သူတို့၏စိတ်မစင်ကြည်မှုကြောင့် သာ လူတွင်ပါ၍နွားကျားကိုက် ခံရသည်။အမှန်မှာ ဒါနကသံသရာအတို၊အရှည်မဖန်တီး ပါ။သံသရာမရှည်စေပါ။ ဤဒါနကြောင့် လူချမ်းသာ၊နတ်ချမ်းသာကိုခံစားရတော့မည်ဟု
ရည်ရွယ်မှုတဏှာဇောကသံသရာရေလျဉ်ကြော၌ မျောစေခြင်းသာဖြစ်ပါသည်။ အချို့က ဘုရားရှင်သည်ပင်ဒါနတွေ အားကြီးသောကြောင့်သံသရာမှာကြာရှည်တော် မူရသည် ဟုသူတို့၏အသိဉာဏ် ကလေးဖြင့်တွေးရှာကြပြန်သေး၏။ထိုဒါန အားကြီးတော် မူသောဘုရားရှင်ပေါင်းအသင်္ချေနှင့်အနန္တ(ဂင်္ဂါဝါဠု သဲစုမက)ကျွတ်တမ်းဝင်ကြပြီးဖြစ်ပါ လျက်ငါတို့ကယခုတိုင်မကျွတ်ရသေးသည်မှာထို ဘုရားရှင်တို့ထက်ပင်ဒါနအားကြီးနေလို့ ပါလော။ဝေဿန္တရာမင်းကြီးသည်ဘုရားမဖြစ်မီ၂ ဘ၀မြောက်ကအကြီးအကျယ်ဒါနကိုပြု တော်မူပါသည်။ထိုဒါနတွေအဘယ့်ကြောင့် သံသရာမှာမကြာစေပါသနည်း။ ထို့ကြောင့်ဒါနသည်သူ၏သဘောအားဖြင့် သံသရာမှာကြာရှည်စေသည်မဟုတ်ပါ။ မစင်ကြယ်သောတဏှာဇောကြောင့်သံသရာမှာ မျောရသည်ဟုမှတ်ရပါမည်။ဘုရားအလောင်း တော်တို့၏သံသရာ၌ကြာရှည်စွာနေရခြင်းမှာလည်း ရည်ရါယ်တော်မူရင်းကသဗ္ဗညုတဉာဏ် အထူးကိုရယူဖို့ဖြစ်၍ထိုဉာဏ်နှင့်ထိုက်တန်သော ပါရမီအခြေခံမပြည့်သေးသမျှထိုဉာဏ်ကို မရသောကြောင့်သာဖြစ်ပါသည်။ ထို့ကြောင့်တရားချစ်ခင်တရားကျင့်ကြံ အားထုတ်နေကြသောဓမ္မမိတ်ဆွေတို့ကလည်း ဒါနရဲ့တိုစေ၊ရှည်စေတရားသဘောကို နားလည်သဘောပေါက်ကြပြီးနိဗ္ဗာန်ကိုရရောက်နိုင် ကြပါစေကုန်သတည်း။ {အမရပူရမြို့၊မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ကိုယ်ကျင့်အဘိဓမ္မာကို ကိုးကားရေးသားပူဇော်ပါသည်။} (မှားယွင်းမှုများရှိသော်အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
No comments:
Post a Comment