Saturday, January 9, 2016

ညီမလေးများဖတ်ဖို့

မင်္ဂလာပါ.. .......

*ညီမလေးများ ဖက်ဖို့*
••••••••••••••••••••

��ညီမလေး........
အလှအပဆိုတာ အရွယ်ပဲ။ညီမလေးတို့ အရွယ်
မှာ ဘာပဲဝတ်ဝတ်လှပတယ်။လှပအောင် နေတတ် ပြောတတ်ဖို့ပဲလိုတာပါ။အမြင်မတော်အောင် အရှက်ကင်းမဲ့စွာ  ဝတ်မယ်ဆိုရင်တော့
မလှတဲ့အပြင်  အမြင်ကတ်စရာကြီး ဖြစ်နေလိမ့်မယ်နော်။ ကိုယ့်ရှိတာလေးနဲ့ လှပစွာဝတ်ဆင်တတ်ပါစေ ညီမလေး........။

��ညီမလေး.........
အလှနဲ့ဘဝမှာ အရှက်မရှိတဲ့ အလှဟာ အသက်မရှိတဲ့ ဘဝနဲ့ ဘာများထူးဦးမှာလဲ။ဒါကြောင့်
ရှက်သင့်တာကို ရှက်ပါ၊ဝှက်သင့်တာကို ဝှက်ပါ၊
ဖုံးသင့်တာကို လုံခြုံအောင် ဖုံးထားပါ ညီမလေး....။

��ညီမလေး........
မိန်းကလေးတွေ ပျက်စီးတယ်ဆိုတာ ခေတ်မ
ကောင်းလို့၊စနစ်မကောင်းလို့၊ပတ်ဝန်းကျင်ကြောင့်ဆိုတာဟာ ဖြစ်နိုင်တာ တစ်ပိုင်းပဲရှိ
တယ်။တစ်ပိုင်းက သူ့ပင်ကိုဗီဇ ပဋိသန္ဓေစိတ်
လျော့ရဲတာတွေပါလာတယ်၊အဲဒါကြောင့်
စာရိတ္တပြုပြင်ရေးကိုလည်း ဂရုတစိုက်ပြုပြင်ဖို့
လိုတယ်နော် ညီမလေး........။

��ညီမလေး.........
ပညာသင်နေတဲ့အခါ အိမ်ထောင်ကျမသွားအောင် အချစ်ကို အချို သတ်ထားပါ။လှလွန်းရင်
စန်းပွင့်စမြဲပေါ့၊ဒါပေမယ့် ငယ်ရွယ်တဲ့အချိန်မှာ
စန်းပွင့်လွန်းရင် ဘဝမှာ လာဘ်ပိတ် သွားတတ်
တာကို သတိပြုသင့်တယ်နော် ညီမလေး.......။

��ညီမလေး.........
ဘဝခရီးကို ဖြတ်သန်းသွားတဲ့အခါ ညီမလေးအနားမှာ အဖော်မွန်ကောင်း တစ်ယောက်
လောက်တော့ ရှိနေစေချင်တယ်။ကိုယ့်ရည်ရွယ်
ချက်တွေပြည့်ပြီး ကိုယ့်ခြေထောက်အပေါ် ရပ်တည်နိုင်တဲ့အခါ သင့်တော်တဲ့ အဖော်ကောင်း
တစ်ယောက်ကို ရှာဖွေရွေးချယ်ယူသင့်တယ်။
ဒါပေမယ့်.......ဈေးကွဲချိန်မှာ လျှော့ဈေးနဲ့ အတင်းလိုက်ရောင်းနေရတဲ့ ဈေးသည်မျိုးးတော့ မဖြစ်
စေနဲ့နော်  ညီမလေး........။

��ညီမလေး.......
အကောင်းဆုံးလူမှာလည်း အဆိုးတစ်ခုရှိသလို
အဆိုးဆုံးလူမှာလည်း အကောင်းတစ်ခုရှိတတ်
တယ်။လူတိုင်းမှာ ချို့ ယွင်းချက် ကိုယ်စီရှိတယ်။
လူတိုင်းမှားတတ်ကြလို့လည်း ခဲတံတွေမှာ ခဲဖျက်တပ်ထားရတာပေါ့။ဒါပေမယ့် တစ်ချို့ အမှားတွေက ခဲဖျက်နဲ့ ဖျက်လို့မရဘူးနော်....
သတိထားပါ ညီမလေး........။

��ညီမလေး..........
မိန်းကလေးတစ်ယောက်ဟာ ရွှေဆင်လို့ ယဉ်
တာမဟုတ်ဘူး။ဣနြေ္ဒ ဆင်မှယဉ်တာ။ညီမလေး
ရေ တန်ဖိုးရှိတဲ့ မိန်းမတစ်ယောက်ဆိုတာ
စာအုပ်ကောင်းတစ်အုပ်လိုပဲ၊ဘယ်လောက်ပဲ
ဟောင်းနွမ်းစုတ်ပြဲနေပါစေ ပြန်ဖက်တိုင်း
အရသာရှိတယ်တဲ့ ညီမလေး........။

��ညီမလေး..........
မိန်းကလေးတိုင်းက လင်ယောကျာ်းအတွက်
အမြဲတမ်း ဘုရင်မ မဖြစ်နိုင်ပေမယ့် အမိအဖ
အတွက်တော့ အမြဲတမ်း မင်းသမီးဖြစ်လို့ နေပါ
တယ်။ညီမလေးအတွက် မင်းသားလေးလို
လင်ယောကျာ်းကို ရှာတွေ့ကောင်း ရှာတွေ့နိုင်ပါ
လိမ့်မယ်။ဒါပေမယ့် အမိအဖကို သေတပန်
သက်တဆုံး အပျို ကြီးဘဝနဲ့လုပ်ကျွေးပြုစုနေရင်
တော့ အမြဲတမ်း ဘုရင်မတပါး ဖြစ်နေမှာပါ ညီမလေး........။

          ကြိုက်နှစ်သက်က "Share"နိုင်ပါတယ်

No comments:

Post a Comment