လေးနက်သော ဘဝအမြင်ဖြင့် ကိုယ်တိုင်
ကယ်တင်ရသည့် ဘာသာတရား
-----------------------------
* ဆွတ်ဇာလန်နိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ ဘာသာပေါင်းစုံ ဆွေးနွေးရေး ပွဲကြီးမှ -
ကမ္ဘာကြီးငြိမ်းချမ်းအောင် စစ်မှန်တဲ့ ဘာသာတရားကသာ စွမ်းဆောင်နိုင် မယ်ဆိုပြီး၊အကောင်းဆုံး ဘာသာတရားကို ရွေးချယ်ခဲ့ကြရာ -
ဘာသာရေးခေါင်းဆောင်များက ဗုဒ္ဓဘာသာကသာ အကောင်းဆုံး၊ အမွန်မြတ်ဆုံးဘာသာ ဆိုပြီးတော့ မဲပေး ရွေးချယ်ခဲ့ကြတယ်။ ဗုဒ္ဓဘာသာနဲ့ နှိုင်းယှဉ်ပြီး လေ့လာဖူးသူမှန်သမျှကတော့ ဗုဒ္ဓဘာသာကတာ အကောင်းဆုံး ဆိုတာကို အတည်ပြုပေးကြတယ်။
* ထိုဆွေးနွေးပွဲဝိုင်းကြီးမှ အံ့သြစရာကောင်းသည်မှာ - ဂျူးလူမျိုး ခရစ်ယာန်ဘာသာရေးခေါင်းဆောင်ကြီး ရှင်မြူရယ်ဝါဆာစတိန်းမှ အကောင်းဆုံးဘာသာအဖြင့် ဗုဒ္ဓဘာသာကို မဲပေးရွေးချယ်ခဲ့ပြီး၊
ပါကစ္စတန်နိုင်ငံသား မွတ်စလင်ဘာသာရေးခေါင်းဆောင်ကြီး တယ်ဗင်ဝါဆက်မှလည်း ဗုဒ္ဓဘာသာကိုသာ အကောင်းဆုံးအဖြင့် မဲပေးရွေးချယ်ခဲ့သည်။
* ဗုဒ္ဓဘာသာဝင် တို့သည် ကိုယ်ပိုင်အရည်အချင်းကိုသာ အသုံးချကြရသူများ ဖြစ်ကြ၏။
လေးနက်သော ဘဝအမြင်ကို သင်ပြ ပေးပြီး၊ ကိုယ်ပိုင်ဉာဏ်ဖြင့် အားထုတ်သည့် အလျောက် အသိဉာဏ် တောက်ပြောင် ပွင့်လင်းလာအောင် သင်ပြညွန်ကြားထားတဲ့ ဘာသာတရားလည်း ဖြစ်ပေသည်။
* ဗုဒ္ဓ ကိုယ်တိုင်ကလည်း တပည့်သာဝကတို့အား -
- မိမိအားပူဇော်ခြင်းထက် မိမိကျင့်သလိုမျိုး အကျင့်မြတ်ကို လိုက်နာကျင့်ကြံခြင်း ကိုသာ အလိုရှိကြောင်း တိုက်တွန်း မိန့်မှာတော်မူခဲ့သည် ။
* တမလွန်ကို ဦးတိုက်၍ ကယ်တင်ရှင် ကြိုးကိုင်သော ကမ္ဘာ့ ဘာသာကြီးများ အကြားတွင် ဗုဒ္ဓဘာသာသည် ကိုယ်တိုင် ကျင့်ကြံအားထုတ်၍၊ ကိုယ်ကိုယ်တိုင် ကယ်တင်ရသော ဘာသာအဖြစ် ပေါ်ပေါ်လွင်လွင် မားမားမက်မက် ရပ်တည်လျှက် ရှိပေသည်။
* ကမ္ဘာ့ အင်အားကြီး ဘာသာကြီးများ၏ လွဲမှားနေသော အယူအဆ များကိုလည်း "ဗုဒ္ဓဝါဒရဲ့ လက်ငင်းဘဝကို ဦးစားပေး၍ ကိုယ်တိုင်ကယ်တင်မှု" ဓမ္မဖြင့် အလင်းပြပေးမှသာလျှင် ကိုယ်ပိုင်အသိဉာဏ်များ ပွင့်လင်းတောက်ပြောင်လာပြီး
အမြင်မှန်များ ရရှိလာကြပေလိမ့်မည် •••
Share ---
No comments:
Post a Comment