" ဝစီကံ အိတ်ကြီး ပေါက်နေလို့ ရှိရင် 'တရား ' ထည့်လို့ မရဘူး ။ "
" ဝစီကံ အိတ်ပေါက်ကြီးကို လုံအောင်
ဖာပြီး တရား ကျင့်ကြ ။
ဝစီကံ အိတ်ပေါက်ကို လုံအောင် ဖာပြီး
တရား ထည့်မှ တရားက နေမယ်။
ဝစီကံ အိတ်ပေါက်ကို လုံအောင် မဖာ
လို့ရှိရင် ထည့်နေတဲ့ တရား တွေက
ထွက်ကြ နေတာပဲ ။
ဝစီကံဟာ အလွန် အရေးကြီးတယ်။ "
*******************************
" တရားအားထုတ်တဲ့ အချိန် ထုတ်တာပဲ။
ပုတီးစိတ်တဲ့ အချိန် စိတ်တာပဲ။
ဘုရားပန်း, ရေ , ဆွမ်း , လည်း ကပ်လှူ
တာပဲ။
ဟို အပြင်အပလည်း ရောက်ရော~
သူများအကြောင်း အတင်းအဖျင်း တွေ
ရှောက်ပြော နေမယ်။
တွေ့သမျှအကုန် ရှောက်ပြော နေမယ်။
ဆဲလိုဆဲ ။
ဆိုလိုဆို ။
နားမချမ်းသာအောင် မုသာဝါဒတွေ ။
ဖရုသ ဝါစာ တွေ ။ ပြောမူ ။ ဆိုမူ ။
ကဲ့ရဲ့မူ။ ဝေဖန်မူ ။ တိုင်းထွာမူ ။ ရွဲ့မူ ။
စောင်းမူ ။ လက်ညိုးထိုးလိုထိုး ။
အဲဒီလို လုပ်လို့ရှိရင် ~
' လုပ်ထားတဲ့ ကုသိုလ် တွေဟာ
ပျက်ကြပြီး ' နောက်ပြန် ဆွဲချလို့
ရှေ့ကို မရောက်နိုင် ပါဘူး။ "
*****
" တရားထိုင်သည့် အချိန် ဖြစ်စေ ။
မထိုင်သည့် အချိန် ဖြစ်စေ ။
ကိုယ့်စိတ်ကို စောင့်ရှောက် ရမယ် ။
စိတ်ကလေးကို ' ပေါက်လွတ် ပဲစား '
ထားလို့ မရဘူး။ "
(ကျေးဇူးရှင် ရွှေပေါ်ကျွန်း အရှင်ဇေယျသိဒ္ဓိ ဓမ္မဉာဏိက ဆရာတော် ဘုရားကြီး ။ မလိုင်မြို့ )
*****
" ' ဝစီကံ အိတ်ပေါက် ' ကို
လုံအောင်ဖာပြီး
တရား ရနိုင် ကြပါစေ "
*****
No comments:
Post a Comment