Sunday, January 10, 2016

ဆန့်ကျင်ဘက်ကြီးပါလား

ဆန့်ကျင်ဘက်ကြီးပါလား
•~•~•~•~•~•~•~•~•

    - တခြားဘာသာတွေရဲ့
ဘုရားရှင်တွေက သူတို့ ကိုယုံကြည်
သူကိုကယ်မယ်တဲ့ -

    - ဂေါတမဗုဒ္ဓက ငါပြောတာကိုမယုံနဲ့ တဲ့ မင်းတို့ ကိုယ်တိုင်တွေ့ မှယုံတဲ့-

တခြားဘာသာတွေရဲ့ဘုရားရှင်တွေက
သူတို့ ကယ်နိုင်တယ်တဲ့

    - ဂေါတမဗုဒ္ဓက သူမကယ်နိုင်ဘူးတဲ့
မင်းတို့ ကိုယ်တိုင် ကိုယ့်ကိုကိုယ်ကယ်မှ
ရမှာတဲ့-

   - တခြားဘာသာတွေက သူတို့ ဘုရားရှင်တွေကို ယုံကြည်လိုက်တာနဲ့ အကုန်ရနိုင်တယ် တဲ့-

  - ဂေါတမဗုဒ္ဓက မင်းတို့ လုပ်သလောက်
ရမယ်တဲ့၊  နည်းနည်းလုပ်ရင် နည်းနည်း
ရမယ် များများလုပ်ရင် များများရမယ်တဲ့။

   - တခြားဘာသာတွေက ယုံကြည်ယုံနဲ့ ကောင်းကင်ဘုံ၊ နတ်ပြည်ကိုရောက်မယ်တဲ့။

  - ဂေါတမဗုဒ္ဓက နိဗ္ဗါန်ကို ငါပို့ မပေးနိုင်ဘူးတဲ့၊ ကျင့်စဉ်ပဲပြောနိုင်တယ်။ ငါတောင်ကျင့်ယူရတာ မင်းတို့ လည်း လိုချင်ရင်ကျင့်ပြီးမှရမယ်တဲ့။

  * အင်း--------------
  - ဘယ်ဘာသာက
သိပ္ပံ(လက်တွေ့ ) ဆန်လဲ
ဆိုတာတော့ ကိုယ့်ဖာသာပဲ စဉ်းစားကြပေါ့ •••

No comments:

Post a Comment