နဖူးပေါ် လက်တင်ပြီးစဉ်းစား
•~•~•~•~•~•~•~•~•~•
- လူ့ ဘဝကို ရ ရှိနေတာဟာ အင်မတန်မှပဲ ကံကောင်းလှပါတယ် ။ ၃၁ ဘုံအနက် လူ့ ဘုံဟာ တန်ဘိုး အရှိဆုံးပါပဲ။ နတ်တွေဟာ သေခါနီးရင် လူ့ ပြည်ကိုလာဖို့ ကြိုးစားကြသတဲ့။
- ဘာ့ကြောင့်လည်းဆိုတော့ မဂ္ဂင်ရှစ်ပါးအကျင့်ကို
ကျင့်သုံးခွင့် ရ ရှိနေလို့ ပါတဲ့။
- လူလူချင်းတူတာတောင် မိစ္ဆာဒိဋ္ဌိဖြစ်နေသူတွေဟာ သမ္မာဒိဋ္ဌိဖြစ်နေတဲ့သူ
တွေထက် အဆမတန်များလှပါတယ်။
- မဂ္ဂင်ရှစ်ပါးအကျင့်ကို ကျင့်သုံးခွင့်ရနေတာဟာ
ဘယ်လောက်တောင် ကံကောင်းလိုက်ပါသလဲ
စဉ်းစားကြည့်ယုံနဲ့  အဖြေပေါ်ပါတယ်။
- အဲဒီလောက်တန်ဘိုးကြီးကြီးရနေတဲ့
ဗုဒ္ဓဘာသာတွေရဲ့ သာသနာတွင်းအချိန်တွေကို
ဘယ်လိုအကြောင်းအရာ ဘယ်လိုအခြေအနေ
ဘယ်လိုအကြောင်းနဲ့ များ အဆုံးရှုံးခံသင့်ပါသလဲ။
- နဖူးပေါ်လက်တင်စဉ်းစားကြည့်ပါ ---
တကယ်တော့ -
- လူ့ ဘဝကလဲမမြဲ၊ သာသနာတော်ကလဲ မမြဲ
အသက်တမ်းကလည်း တိုလွန်းတဲ့ ခေတ်မှာ -
- ကျွန်တော်တို့ တတွေဟာ အချိန်အကန့် အသတ်နဲ့ နိဗ္ဗါန်ကို ရောက်ဖို့  ပါရမီဖြည့်ကြရမှာပါ။
- ဒီလို တန်ဖိုးကြီးတဲ့ လူ့ဘဝကို ရတဲ့အခိုက်လေးမှာ ဘာလုပ်သင့်သလဲဆိုတဲ့
အဖြေကို မြန်မြန်စဉ်းစားကြပါ။
- အချိန်နှောင်းမှ သိရင်တော့
တသံသရာလုံး ဆုံးရှုံးတာနဲ့  အတူတူပါပဲ လို့ 
သတိပေးပါရစေ•••
ကဲ---နဖူးပေါ် လက်တင် စဉ်းစားကြပါ
share
No comments:
Post a Comment