တခါခါမှာလေ ရုန်းထွက်ဖို့လူတွေက အမျိုးမျိုးကြိုးစားကြတယ်။ ဘယ်အရာတွေကနေလဲ?
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
-စိတ်ပျော်ရွှင်မှုကို ထိခိုက်လာရင်
-စိတ်ဖိစီးမှုများလာရင်
-အနိုင်ကျင့်တယ်လို့ ခံစားလာရရင်
-သိမ်ငယ်စိတ်ဝင်လာရင်
-ဘဝတိုးတက်မှု မရှိဘူးလို့မြင်လာရင်
-အရမ်းမျှော်လင့်ထားပြီး ဖြစ်မလာရင်
-ရယူခြင်းတစ်မျိုးထဲနဲ့သာ ရပ်တည်တာကြာရင်
-ပေးဆပ်ခြင်းတစ်မျိုးထဲနဲ့သာ ရပ်တည်တာကြာရင်
-ယုံကြည်ချက်တွေ နည်းပါးလာရင်
-ပတ်ဝန်းကျင်ကို အလေးပေးလွန်းရင်
-မျှော်လင့်ချက်နဲ့ လက်တွေ့ကွာဟလွန်းရင်
-သစ္စာဖောက်ခံရတယ်လို့ ထင်မြင်လာရင်
-နားလည်မှုတွေ မပေးနိုင်တော့ရင်
ဘယ်လိုခရီးဆက်မလဲ?
ဒါပြီးရင် ဘာလုပ်မလဲဆိုတာကြိုတွေးထားပါ။ ဒီတစ်ခုက လွှတ်ရင်ပြီးပြီလို့ လွယ်လွယ်မတွေးစေချင်ဘူး။ ဒီကိစ္စက ပြန်လည်ပြီး လက်ခံပေးလို့ရ/မရ နောက်ဆုံးအကြိမ် ပြန်တွေးသင့်ပါတယ်။ အဖြေရရင် တော့ ကိုယ်ရွေးတဲ့လမ်းအတိုင်း အဆုံးထိရောက်အောင်သွားပါ။ အရာရာကို နားလည်ပေးနိုင်အောင်ကြိုးစားသင့်ပါတယ်။ အညှိုးအတေးကို မထားပါနဲ့ မေ့ပြစ်သင့်တာကို ဘဝအသစ်ထဲ ယူမလာမိစေနဲ့။ YES ဖြစ်စေ NO ဖြစ်စေ final decision ဖြစ်ပါစေ။ ရုန်းထွက်မယ်လို့ စိတ်ကူးရင် အပြီးအပြတ်ဖြတ်လိုက် ဘဝသစ်စပါ။ မဟုတ်ဘူး ရင်ဆိုင်မယ်လို့ ဆုံးဖြတ်ရင်လဲ ဘဝသစ်တစ်ခုကဲသို့ အစပျိုးပါ။
ဘာတွေမျှော်လင့်ထားရမလဲ?
အရာရာဟာ အကောင်းကြီးပဲ ဖြစ်တည်နေတာမဟုတ်ဘူး။ ရုန်းထွက်လို့ လွှတ်မြောက်ခြင်းဟာ သင့်အတွက်ပျော်ရွှင်မှု အစစ်အမှန်ကို မပေးစွမ်းနိုင်ရင် သင်ဟာ ရှုံးနိမ့်သူတစ်ယောက်ပဲ။ ဒါကြောင့် ရုန်းထွက်နိုင်ရင် ပျော်ရွှင်မှုကိုရှာ တန်ဖိုးထားပါ မေ့သင့်တာတွေကို မေ့ခဲ့ပါ အနှောက်အယှက်မဖြစ်ပါစေနဲ့။ ရပ်တည်မယ်စိတ်ကူးပြီး ပြန်လည်ကြိုးစားမယ်ဆိုရင်လဲ အရာရာကိုပြောင်းလဲပစ်ပါ။ အဲဒီပြောင်းလဲမှုတွေထဲမှာ အရေးအပါဆုံးက သင့်ရဲ့စိတ်ဓာတ်ပဲဖြစ်တယ်။ နားလည်ပေးနိုင်အောင်ကြိုးစားပါ။ သင်သိထားရမှာက မရနိုင်တာကို မမျှော်လင့်မိစေနဲ့ သင့်အတွက် နောင်တဆိုတာမရစေနဲ့ အဆိုးထဲမှာ အကောင်းကိုရှာ နေတက်အောင်သာနေပေတော့။
Credit to နားလည်မှုတွေပေးကြမယ်
Posted via Blogaway
No comments:
Post a Comment