Friday, January 8, 2016

အမျိုးသမီး အမျိုးအစားနှစ်မျိုး

"အမျိုးသမီး အမျိုးအစားနှစ်မျိုး"

+++++++++++++++

တစ်ချို့အမျိုးသမီးတွေက ရုပ်လှဖို့အတွက် အလှပြင်နေချိန်မှာ တစ်ချို့အမျိုးသမီးတွေက စိတ်လှဖို့အတွက် စာဖတ်နေတယ်…

တစ်ချို့အမျိုးသမီးတွေက ယောက်ျားတွေရဲ့အကြည့် ခံပြီး အလှပြနေချိန်မှာ တစ်ချို့အမျိုးသမီးတွေက ယောက်ျားတွေနဲ့ ရင်ဘောင်တန်းပြီး အလုပ်လုပ်ပြနေတယ်…

တစ်ချို့အမျိုးသမီးတွေက မဖော်ပြသင့်တဲ့အရာကို မိုက်မဲစွာ လှစ်ဟပြနေချိန်မှာ တစ်ချို့အမျိုးသမီးတွေက ဖော်ပြသင့်တဲ့ပညာကို သတ္တိရှိစွာ ဖွင့်ဟပြနေတယ်…

တစ်ချို့အမျိုးသမီးတွေက မိဘကို မီးလိုအပူပေးပေမယ့် တစ်ချို့အမျိုးသမီးတွေက မိဘကို ထီးလိုအရိပ်မိုးပေးနေတယ်…

တစ်ချို့အမျိုးသမီးတွေက လောကီစည်းစိမ် ဥစ္စာတွေသာ စုဆောင်းတတ်ကြပေမယ့် တစ်ချို့အမျိုးသမီးတွေက လောကီ၊ လောကုတ္တရာ နှစ်ဖြာသော စည်းစိမ်ဥစ္စာတို့ကို ပါးနပ်လိမ္မာစွာ စုဆောင်းတတ်ကြတယ်…

ဤသို့အားဖြင့်.....
တစ်ချို့သောမိန်းမတို့သည် အသက်ကြီးလာသည်နှင့်အမျှ စိတ်ဆင်းရဲမှုသည်လည်း ကြီးမားလာခဲ့ကြပြီး တစ်ချို့သောမိန်းမများကား အသက်ကြီးလာသည်နှင့်အမျှ စိတ်ချမ်းသာမှုသည် ကြီးမားလာခဲ့ကြတော့သည်။

Credit: ဦးတိုးအောင်

No comments:

Post a Comment