Monday, January 11, 2016

ဆုတောင်းမှားခဲ့ကြသူတွေ

ဆုတောင်းမှားခဲ့ကြသူတွေ

***********
ဘ၀မှာ၊တစ်သက်မှာတစ်ခါတော့လက်မလွှတ်ချင်တဲ့ သူတစ်ယောက်ပေါ်လာတတ်တယ်

ကံကောင်းတဲ့သူတွေကတော့အဲဒီလူကို တွေ့တဲ့အချိန်မှာသူ့ရဲ့လက်ကိုမလွှတ်တမ်း ဖမ်းဆုပ်ထားနိုင်ခဲ့ပြီးပျော်ရွှင်တဲ့အချစ်တစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ကြပေမယ့်ကံမကောင်းနိုင်တဲ့ သူတွေကတော့သူ့ဘက်ကလက်လှမ်းတာတောင် ကိုယ့်ဘက်ကဖမ်းယူဆုပ်ကိုင်ထားဖို့မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုမှာပဲရပ်တန့်ကျန်ရစ်ခဲ့ရရင်း တဘ၀လုံးစာနာကျင်မှုတွေကိုနှလုံးသားထဲမှာပဲ ကြိတ်မှိတ်ပြီးခံစားဖို့အတွက်ရွေးချယ်ခဲ့ကြရပါတယ်

အဲဒီလိုလောကကြီးထဲကသိန်းသန်းမက လူတွေအများကြီးထဲမှာမှကံကောင်းစွာ ပျော်ရွှင်နိုင်ခဲ့ကြသူတွေကိုတော့လိုက်ဖက်တဲ့ဘ၀လို့ လူသားတွေကသတ်မှတ်ကြပြီး၊တိတ်ဆိတ်စွာ ကံဆိုးခဲ့ကြရသူတွေအတွက်ကိုတော့ဖူးစာရေး နတ်မင်းကပဲအမည်တစ်ခု သတ်မှတ်ပေးထားခဲ့ပါတယ်တဲ့

အဲဒီနာမည်ကတော့

ဆုတောင်းမှားခဲ့ကြသူတွေ တဲ့လေ

Credit: လက်တွဲဖော်

No comments:

Post a Comment