Sunday, January 10, 2016

သူ့တရားတောင်သူကြည်ညိုတယ်

သူ့ တရားတောင် သူကြည်ညိုတယ်
-•~•~•~•~•~•~•~•~•~•~•~•~•~•

    ဆောင်းတွင်းကာလရဲ့ညတညမှာ တရားပွဲကျင်းပနေတဲ့ ဓမ္မာရုံတစ်ခုဆီကို ဘုရားရှင်ကိုယ်တော်မြတ်ကြီးက သူ့ ရဲ့အလုပ်အကျွေးရဟန်းတော်နဲ့  ချဉ်းကပ်တော်မူခဲ့တယ်။

  - ဘုရားရှင်ကြွလာတာကိုတွေ့ ရင် တရားပွဲပျက်မှာစိုးတဲ့အတွက် ကိုယ်တော်မြတ်ကြီးက ဓမ္မာရုံထဲကို မကြွသေးပဲ အပြင်ဘက်ကနေသာ မတ်တပ်ရပ်ပြီး တရားတော်ကို
နာယူနေခဲ့တယ်။

   - ဒီလိုနဲ့  ညဥ့်ဦးယာမ် ကုန်တော့ အလုပ်အကြွေးရဟန်းတော်က အရှင်ဘုရားညဥ့်ဦးယာမ်ကုန်ပါပြီ အလွန်လည်းအေးလှပါပြီ အထဲကိုဝင်တော်မူပါဆိုပြီး
လျှောက်တော့ ဘုရားရှင်က လက်ကာတော်မူပြီး တရားတော်ကို
ဆက်လက်နာယူနေခဲ့တယ်။

   - ဒီလိုနဲ့  ညဥ့်လယ်တခါလျှောက်တော့
လည်း လက်ကာတော်မူခဲ့တယ်။ နောက်ဆုံး မိုးသောက်ယံရောက်တော့မှ တရားပွဲသိမ်းခဲ့တယ် အဲဒီတော့မှ ဘုရားရှင်ကိုယ်တော်မြတ်ကြီးလည်း ဓမ္မာရုံထဲကိုဝင်တော်မူပြီး မိန့် တယ်။ နန္ဒကတို့များ တရားဟောကောင်းလိုက်တာ ငါဘုရား
ရှင်တောင် ကျောက်ကုန်း( ကျောကုန်း)
နာတော်မူပါပေတယ် တဲ့။

- ပြောချင်တာက

ဘုရာရှင်ကိုယ်တော်မြတ်ကြီးတောင်မှ
သူရှာဖွေပေးခဲ့တဲ့ တရားတော်တွေကို
နာတဲ့အခါ ရိုသေလေးစားစွာ နာယူ
တော်မူပါတယ်။

  - ကျွန်တော်တို့ တတွေဟာလည်း
ဓမ္မကထိကဟောလို့ ပဲနာနာ
တိတ်ခွေ နဲ့ ပဲနာနာ
လူပုဂ္ဂိုလ်ပြောလို့ ပဲနာနာ
တရားတော်ကို နာယူတဲ့အခါ
တရားတော်ကို လေးစားတဲ့အနေနဲ့ 
ရိုသေလေးစားစွာ
နာယူ သင့်ပါကြောင်း•••

share

No comments:

Post a Comment