တူညီသော ဟောကိန်းနှင့် မြန်မာ့အနာဂါတ်
--------------------------------
- မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ ပက်သက်ပြီး ဟောကိန်းများစွာ ရှိခဲ့ပါတယ်။ အားလုံးရဲ့ တူညီမှုကတော့ တစ်နေ့ ဗုဒ္ဓဘာသာကို တစ်ကမ္ဘာလုံးက ကိုးကွယ်ကြလိမ့်မယ်တဲ့။
- သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းတို့၊ လက္ခဏာဆရာကြီး ကိုင်ရိုတို့၊ ကမ္ဘာကျော် အကြားအမြင်ရ ပုဂ္ဂိုလ် ဂျင်းဒစ်ကဆင်တို့၊ အတွေးအခေါ်ပညာရှင်များစွာတို့က ပြောခဲ့ပါတယ် - တစ်နေ့ကျရင် တခြားဘာသာတွေ ကွယ်ပျောက်ပြီး၊ ဗုဒ္ဓဘာသာတစ်ခုပဲ ကျန်လိမ့်မယ်တဲ့။ ဗုဒ္ဓဘာသာကို တစ်ကမ္ဘာလုံး ကိုးကွယ်ကြလိမ့်မယ်တဲ့။
- လယ်တီဆရာတော်၊ မိုးညှင်းဆရာတော်၊ စွန်းလွန်းဆရာတော်စတဲ့ " အရိယာ ရဟန္တာ အရှင်သူမြတ်များ" ကလည်း တစ်နေ့ကျရင် ကမ္ဘာအရပ်ရပ်က လူတွေဟာ မြန်မာနိုင်ငံကို လာကြပြီး ဗုဒ္ဓတရားတော်တွေကို နာယူကျင့်ကြံ အားထုတ်ကြလိမ့်မယ်တဲ့။ သာသနာနှစ် ၂၅၀၀ နောက်ပိုင်းမှာ၊ သာသနာနှစ် ၅၀၀ အတွင်းကလို ဗုဒ္ဓသာသနာ စည်စည်ကားကား ထွန်းကားလိမ့်ဦးမယ်တဲ့။
- ဟောကိန်းနဲ့ ပက်သတ်လို့ မယုံဘူးဆိုရင်လည်း ရပါတယ်။
အခု လက်တွေ့ကို လေ့လာ ကြည့်လိုက်ပါ။
ယခုဆို မြန်မာနိုင်ငံအနှံ့အပြားမှာ ယဉ်ကျေးလိမ္မာသင်တန်းတွေ၊ အဘိဓမ္မာသင်တန်းတွေ၊ဓမ္မစကူးတွေ အများအပြားပေါ်ပေါက်လာပါပြီ။ ခုခေတ် ကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာသာတရားကိုင်းရှိုင်းကြတယ်၊ ဘာသာတရား အကြောင်းကို အများကြီးသိကြတယ်။
ဒီကလေးတွေ အရွယ်ရောက်တဲ့ အချိန်ဟာ ဗုဒ္ဓဘာသာ ပြန်လည် ထွန်းကားမယ့် အချိန်ပါပဲ။
နောက်ထပ်- သိပ္ပံပညာရှင်တွေ အများကြီး ဗုဒ္ဓဘာသာကို ပြောင်းလာကြပြီ၊ ကမ္ဘာကျော် ဘောလုံးကစားသမားတွေ၊ ကမ္ဘာကျော် အနုပညာရှင်တွေ၊ သူဌေးသူကြွယ်တွေ၊ ဒလိုင်းမားလို နိုဘယ်ဆုရှင်တွေ။ အမေရိကန် သမ္မတ ကလင်တန်တို့၊ တပည့်- ၅ သိန်းနဲ့အတူ ဗုဒ္ဓဘာသာကို ပြောင်းလာတဲ့"ပါမောက္ခဒေါက်တာအမ်ဘေဒကာ"တို့၊ apple ဥက္ကဌ စတိဗ့်ဂျော့တို့လို သူတွေ။ အများကြီးပဲ ဗုဒ္ဓဘာသာကို ပြောင်းလာကြကုန်ပါပြီ။
- ဒါတွေဟာ ကမ္ဘာက ဗုဒ္ဓရဲ့တရားတော်တွေကို စိတ်ဝင်စားလာဖို့နဲ့ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားလာဖို့ အတွက် အကြောင်းတရားတွေပါပဲ
အာဖရိကမှာဆိုလည်း ဗုဒ္ဓဘာသာကူးပြောင်းပွဲတွေ ခဏခဏ တွေ့မြင်ရတာ ကြက်သီးတောင်ထတယ်။
အိန္ဒိယနိုင်ငံမှာဆို သိန်း နဲ့ချီပြီး ဗုဒ္ဓဘာသာ ကို ခဏခဏ ကူးပြောင်းကုန်ကြလို့ လွှတ်တော်ကတောင် ခေါ်ပြီး သတိပေးနေရသည်အထိ ဘာသာရေးကူးပြောင်းပွဲတွေ လုပ်နေကြကုန်ပြီ။
- နောက်အများကြီး ကျန်သေးတယ်-- ၂-၃- ---
ဗုဒ္ဓဘာသာက တခြားဘာသာတွေလို
- အတင်း အဓမ္မ ပြောင်းခိုင်းတာ မဟုတ်ဘူး၊ ငွေကြေးနဲ့ မြှူဆွယ်တာ မဟုတ်ဘူး၊ ရာထူးအာဏာနဲ့ မမြှူဆွယ်ဘူး၊ အသိဗဟုသုတ နည်းတဲ့သူတွေကို အခွင့်ကောင်းယူပြီး လိုသလို မဲဆွယ်တာမဟုတ်ဘူး ဆိုတာလည်း သိတာပါတယ်။
မည်သူမဆို ဗုဒ္ဓဘာသာကို လေ့လာလို့ရပါတယ်။ စမ်းသပ်လို့လည်း ရတယ်။ အစမ်းသပ်လည်း ခံနိုင်တယ်။ တခြားဘာသာတွေမှာ ဒါမျိုး ရှိကြလို့လား။
ပညာကြိုက်သလောက် တတ်တဲ့သူဖြစ်ပါစေ- ဗုဒ္ဓရှင်တော် (၄၅) ဝါ ကာလပတ်လုံး ဟောကြားခဲ့တဲ့ တရားတော်တွေ ထဲမှာ အပြစ် ဆိုစရာ ဆိုလို့- တစ်ပုဒ် တလေတောင် ရှိလားလို့ လေ့လာကြည့်၊ ရှာဖွေကြည့်၊ စမ်းသပ် ကြည့်ကြည့် ပါလား။ တရားတော်ရဲ့ ဂုဏ်တော်ထဲမှာလည်း - လာလှည့်၊ ရှူ့လှည့်၊ စမ်းသပ်လှည့်ဟု စိန်ခေါ်ထားတဲ့ ဘာသာတရားပါ။
အပြောနဲ့ထင် မယုံနဲ့ဦး၊ ယုံကြည်ချက်နဲ့ထင်လည်း မယုံနဲ့ဦး ရတယ်။
လက်တွေ့စမ်းသပ် ကျင့်ကြံပြီး ကိုယ်တိုင် ကိုယ်ကျ တွေ့မြင်မှတာ ယုံလို့ပြောထားတဲ့ ဘာသာတရားပါ။
* ဒါကြောင့် သေချာ လေ့လာကြည့် ဖို့ပဲ လိုတယ်လို့ ပြောချင်တယ်။ သေချာလေ့လာရင် ဗုဒ္ဓဘာသာ ဟာ သံသယ ဖြစ်စရာ အကြောင်းအရာ တစ်ခုတောင် ရှာတွေ့မှာ မဟုတ်ဘူး။
No comments:
Post a Comment