ကဲ အမျိုးသမီးများ ..
သင်က ဘယ်အမျိုးအစားထဲပါဝင်နေသလဲ
အမျိုးသားများ .. သင်ကော ဘယ်လို မိန်းမမျိုးကို လိုချင်သလဲ
၁။ ကျွန်နဲ့ တူတဲ့ မိန်းမ
ဆိုလိုတာက အိမ်မှုကိစ္စတွေလုပ်မယ်။ ကလေးမွေးမယ်။ ယောင်္ကျားကို ပြုစုမယ်။ ပေးသလောက်ပိုက်ဆံနဲ့ လောက်အောင် သုံးမယ်။ ယောင်္ကျားရဲ့ အလုပ်မှာ ရှိနိုင်တဲ့ စိတ်ဖိစီးမှုတွေ၊ ပြဿနာတွေအတွက် သူမဖြေသိမ့်ပေးနိုင်ဘူး။ အကြံဥာဏ်မပေးနိုင်ဘူး။ သူသိတာက ယောင်္ကျားခိုင်းရင်လုပ်မယ်။ ပေးရင်ယူမယ်။ ကျွေးရင်စားမယ်။ ဒါပဲပေါ့။
၂။ အလုပ်ရှင်နဲ့တူသော မိန်းမ
သူများကားစီး စီးချင်ပြီ။ သူများ တိုက်ဆောက် ဆောက်ချင်ပြီ။ ယောင်္ကျားကို ရှာပါလား။ လုပ်ပါလား။ အလုပ်ရှင်က အလုပ်သမားကို ခိုင်းသလိုမျိုး အချိန်မဖြုန်းနဲ့၊ အပိုမသုံးနဲ့ ဆိုတဲ့ မိန်းမမျိုးတွေပေါ့။
၃။ ဘုရင်မနဲ့ တူတဲ့ မိန်းမ
ရှာသမျှ ပိုက်ဆံအကုန်အပ်ရပြီး နေရာတကာ သူပြီးမှ ပြီးရတယ်။ ဘာပဲလုပ်ချင်လုပ်ချင် အသေးအဖွဲကအစ သူ့မျက်နှာအရိပ်အကဲ ကြည့်ပြီး အတည်ပြုချက် ယူရတယ်။ ချစ်မြတ်နိုးလွန်းလို့ အလိုလိုက်နေရတာမျိုး မဟုတ်တော့ဘဲ အနိုင်ကျင့်ခံနေရတဲ့ ဘ၀မျိုးပါ။ ဘ၀မှာပျော်ရွှင်သင့်သလောက် ပျော်ရွှင်ခွင့် မရတဲ့ ယောင်္ကျားမျိုးတွေပေါ့။
၎။ မိတ်ဆွေနဲ့ တူသော မိန်းမ
ကိုယ့်ကို အစစ အရာရာ ကူညီပေးနိုင်သလို သူကိုယ်တိုင် မှာလည်း ကိုယ်နဲ့ သိပ်မကွာတဲ့ အရည်အချင်းတွေရှိတယ်။ ကိုယ့်ကို လက်တွဲခေါ်ယူနိုင်ပြီး ဟာသဥာဏ်လည်း ရှိတယ်။ ဘ၀ကို စိတ်လက်ပေါ့ပါးစွာ လျှောက်လမ်းခွင့်ကိုပေးတဲ့ မိန်းမမျိုးပေါ့။
၅။ ချစ်တီးနဲ့ တူသောမိန်းမ
ပိုက်ဆံကို အရမ်းမက်မော၊ သူလည်းရှာ၊ ယောင်္ကျားကိုလည်း ရှာခိုင်း၊ ပြီးရင် သူတို့ရဲ့ လက်သုံးစကားက ပိုက်ဆံသာရမယ်ဆို ယောင်္ကျားတောင် ပေါင်လိုက်ချင်သတဲ့လေ။
၆။ မိခင်နဲ့တူသော မိန်းမ
နွေးထွေးတဲ့ မေတ္တာနဲ့ ကိုယ့်ကို နားလည်ပေးနိုင်သလို အခက် အခဲ တစ်စုံတစ်ရာ ဖြစ်လာရင်လည်း မိခင်တစ်ယောက်က သားအပေါ်မှာထားတဲ့ မေတ္တာမျိုးနဲ့ ရင်ဆိုင်ရပ်တည် ပေးနိုင်တယ်။ လဲကျတဲ့အခါ ညင်သာစွာ ထူပေးနိုင်သလို အောင်မြင်တဲ့အချိန်မှာလည်း သူများအလဲမထိုး နိုင်အောင် ဂရုစိုက် တည့်မတ်ပေးတယ်။ အရာရာကို ထပ်တူနီးပါး ခံစားနားလည်ပေးနိုင်တဲ့ နှလုံးသားကို ပိုင်ဆိုင်တယ်။ ဖြတ်ထိုးဥာဏ်ကောင်းပြီး ပြဿနာတော်တော်များများကို သိမ်မွေ့စွာဖြေရှင်းနိုင်တယ်။ ယောင်္ကျားကိုယ်တိုင်ကလည်း မိန်းမဖြစ်သူကို လေးစားချစ်ခင်စွာမြတ်နိုးတယ်ဆိုရင်တော့ ဘုရားသခင်ပေးတဲ့ ဆုလာဒ်ကိုရတဲ့ ယောင်္ကျားမျိုးပေါ့ဗျာ။
No comments:
Post a Comment