Sunday, January 10, 2016

မျက်ရည်ကျ မလွယ်ပါစေနဲ့

မျက်ရည်ကျမလွယ်ပါစေနဲ့
================

ခင်ပါရစေလို့ အရင်မိတ်ဆက်ပြီး
ချစ်တယ်လို့ တစ်ဆင့်တက်လာကြတာ
သဘာဝက ဖန်တီးပေးလိုက်တဲ့ဖြစ်ရပ်တစ်ခုပါပဲ........

ထိုအတူ.............
ချစ်တယ်လို့ပြောပြီးမှ အပြစ်မရှိမပြစ်ရှာပြီး
မုန်းတယ် ( သို့မဟုတ် ) လမ်းခွဲမယ်လို့
လို့ပြောလိုက်တာတော့ ........... တော်တော်လေးကို စာနာမှု့ကင်းမဲ့ပြီး
အထာမကျတဲ့ လုပ်ရပ်တစ်ခုပါ။

အစကတည်းက
တစ်သက်တာ ထာဝရအတွက်
မရည်ရွယ်ထားဘူးဆိုရင် ............
ချစ်တယ်ဆိုတဲ့ စကား လုံးဝကိုမသုံးသင့်ဘူး။

လူတိုင်းက အချစ်ဆိုတဲ့အရာကို
အပျော်တမ်း ကစားနေတာ မဟုတ်သလို
တကယ်ချစ်မိသွားရင်လည်း လွယ်လွယ်မေ့ပြစ်
ဆိုတာ အင်မတန်ခတ်ခဲတဲ့အရာပါ။

ချစ်တယ် မုန်းတယ်ဆိုတာ
စကားလေးအဖြစ်တာ ပြောသလောက်
လွယ်ကူပေမယ့် တကယ်တန်ဖိုးထားတဲ့
လူတွေအတွက်တော့ နှလုံးသားနဲ့
ရင်းခဲ့ရတာချည်းပဲ။

ဒါပေမယ့် တစ်ခုတော့ သတိပေးလိုက်မယ်
မုန်းတိုင်းထန်မှ ရေလှိုင်းတွေကြီးတာမဟုတ်သလို။
လေပြေညှင်းသော့ရုံနဲ့လည်း ပန်းတွေမြေခတက်တယ်..........

(( ငါလိုအဖြစ်မျိုးနဲ့ ကြုံတွေ့လာတဲ့ တစ်နေ့
နင်လည်း မျက်ရည်ကျမလွယ်ပါစေနဲ့ ))

No comments:

Post a Comment