Sunday, January 10, 2016

တောင်းဆု

တောင်းဆု

************************ ဘ၀ တစ်ခနရေပွက် တစ်သက်လို့မှတ်ထင် ခုံမင်ဝင်စား ပျော်ပါးမေ့လျှော့ ပေါ့ပေါ့ပါးပါးသူလားငါလားမခွဲခြား စွဲအားပြင်းပြင်းချစ်ခြင်းနဲ့ရည်တူ ကြည်ဖြူရစ်သန်း တစ်စခန်းပြီးတစ်စခန်း တစ်လမ်းပြီးတစ်လမ်း ဖြတ်သန်းရင်းလွှင့်မျော မောလှပြီကွယ်---------အော်------အဟောဝတ အေးမြငြိမ်းချမ်း သန္တိသုခလမ်း လျှောက်လှမ်းချင်ငဲ့ ဒါပေမယ့်တစ်ခဏတဲ့ ဘ၀ရဲ့လိုအပ်ချက်(တကယ်ကအပိုဒုက္ခ) ကိုယ်လုပ်သမျှကိုယ့်ခံရ ကိုယ်လုပ်သမျှကိုယ့်ကံပ ကံတွေကိုပဲထပ်ကာထက်ပကာဆင့် ကံတွေကိုပဲထပ်ကာထပ်ကာမြှင့် အမြင့်ရောက်ပေမယ့် မတော်လို့လိမ့်ကျရင် အကျနာမယ့်ကိန်း တကယ်တကယ့်ကကံတွေကိုပြတ်အောင်ဖြတ်ရမှာ ဒါကြောင့်အခုကတည်းရယ်က မတွယ်မတိမ်း အစိမ်းကွဲကွဲမယ့်အနာကို သူစိမ်းပဲရယ်သတ်မှတ်ပြီး တိမ်းညွှတ်စွဲလမ်းမှုကိုဖြတ် သံယောဇဉ်ဇာတ်ကိုအသာသိမ်း အေးငြိမ်းခြင်းကိုအသာမှတ် အပြတ်မပြတ်သတိကပ် ၀ိပဿနာတွေတလှပ်လှပ်ပွါးများရင်း ဘာဝနာလမ်းပေါ်ငြိမ်းချမ်းပါရစေ။။ ***************************

No comments:

Post a Comment