ဂေါ်ဒီယံကြိုးထုံး ( Gordian Knot )
*************************
အာရှတိုက် အနောက်ပိုင်းမှာ ဖရီးဂျီးယား ဟု ခေါ်တဲ့ ချမ်းသာတဲ့ နိုင်ငံ တစ်
နိုင်ငံ ရှိခဲ့ ဘူးပါတယ့့် အုပ်ချုပ်တဲ့ ဘုရင်
ကြီးက ဂေါဒီးယပ် ဖြစ်သည်။ မင်းကျင့် တရား
နဲ့ အုပ်ချုပ်တဲ့ အတွက် တိုင်းပြည် ဟာ အေးချမ်းသာယာပြီး ပြည်သူပြည်သား တွေ ရဲ့ ချစ်မြတ်နိုးမှု ကို ခံရပါသည် ။
ဘုရင်ကြီး ဟာ မြို့ရဲ့ အမြင့်ဆုံး တောင်ကုန်း ထိပ် ဂျူပီတာဘုရားကျောင်း ကြီးမှာ ကြိုးတွေကို အထုံးကြီး လုပ်ပြီး ထားပြီး ကြိုးထုံးကြီး မှာ အထုံးတွေ များလွန်း
တဲ့ ဘယ်ဟာ အစ ဘယ်ဟာ အဆုံးမှန်း မသိကြပါဘူ့း့ ဘုရင်ကြီးသာ သေဆုံး သွား
တယ် ဒီ ကြိုးထုံးကြီး ကို ဘယ်သူမှ မဖြေ နိုင်
ကြသလို့ ဘုရားကျောင်း လာသူတွေ က
တအံ့သြနဲ့ ကြည့်စရာ တစ်ခု အဖြစ်သာ ရှိနေ
ခဲ့ ပါတယ် ။
" ဒီ ကြိုးထုံးမျိုးက ဘုန်းကံရှိသူ မှ လုပ်နိုင် မှာ " လို့ ဘုရားကျောင်း လာသူ တစ်ယောက် က ပြောတော့ ဘုရားကျောင်း
က နတ်ဆရာ က့
" သင်ပြောတာ မှန်ပါတယ့့် ဒီကြိုး ကို လုပ်ထားသူ ထက် ဖြည် နိုင်သူ က
သာ ပိုပြီး ပါရမီ ထူးသူ ဖြစ်မှာ ပါ "
" ဘုရင်ကြီး က အမိန့်တော် ထား
ခဲ့တယ့့် ဒီ ကြိုးထုံး ကို ဖြည်နိုင်သူ ဟာ
ဒီ နိုင်ငံ ကို ဘုရင့် ခွင့် ရမယ် " တဲ့
ဒီလိုနဲ့ ကြိုးထုံးကြီးက နာမည် ကြီးလာတယ် နေရာ အနှံ့က မင်းသားတွေ
စစ်ခေါင်းဆောင်တွေ လာလေ့လာ ကြတယ်
ကြိုးထုံး ကြီး ကြည့်ပြီး အဆုံးအစ ရှာမရ ပဲ
လက်လျော့ ပြန်သွား ကြပါတယ့့်
ဖြည်မရ တဲ့ ကြိုးထုံး ကြီး ဟာ လည်း
နှစ် ရာ ချီအောင် ကြာသွား ပါတယ့့်
ဟော တစ်ကယ် ဖြည် မယ့် မင်း တစ်ပါး ရောက်လာပါတယ် သူကတော့ မက်ဆီဒိုးနီးယား နိုင်ငံ မှ ဖြစ်ပြီး ဂရိ က နိုင်ငံ
လေးတွေကို သိမ်းပိုက်ခဲ့တဲ့ အလက်ဇန်းဒါး
မင်း ဖြစ်ပါတယ့့် သူက အာရှဖက် မှာ
ဒီ ကြိုးထုံး သတင်းကြားပြီး စိတ်ဝင်စား လို့
လာ ခဲ့တာ လေ့
" ဟေ့ မင်း တို့ နာမည် ကြီး ကြိုးထုံး
ကြီး က ဘယ် မှာ လဲ ကွ "
ဆိုတော့ သူကို ဂျူပီတာ ဘုရား ကျောင်း ကို ခေါ် သွားပြီ့း့
" ဟောဒီ ကြိုးထုံး ကို ဖြည်နိုင်သူ ဟာ ဒီ နိုင်ငံ ကို အုပ်စိုးခွင့် ရ မှာ ပါ " လို့
ပြောတော့ အလက်ဇန်းဒါး က သေသေချာချာ ကြည့် ပြီ့း့
ဒီ ဘုရင်က နောက်လူ မအုပ်ချုပ် နိုင်
အောင် လုပ်ခဲ့ သလို ပဲ့ အဆုံးအစ မတွေ့
တာကို ကြည့်ရင်း သံသယတွေ ဝင်လာ တာနဲ့ ခါးက ဓါး ဆွဲ ထုတ် ပြီး နီးစပ်ရာ နေရာ က ကြိုးတွေကို အပိုင်းပိုင်း ဖြစ်အောင်
ခုတ်ချ လိုက်တော့ ကြိုးထုံးကြီး ဟာ ပြေ သွား ပါလေ ရော့ အလက်ဇန်းဒါး က
" ကဲ့ တွေ့ပြီးလား မင်းတို့ ကြိုးထုံး
ကြီး ပြေသွား ပြီ့ ဒီ နိုင်ငံ ငါ ဘုရင် လုပ်ပြီ
ဟေ့ " လို့ ပြော လိုက်လေသည်။
ဒီ အဖြစ်အပျက် နဲ့ ပတ်သက်၍ တစ်ခါတစ်ရံ မှာ လိုရင်း ရောက်ဖို့ လမ်းဟောင်းအတိုင်း တွေး လမ်းဟောင်း အတိုင်း လျှောက်လို့ မရ ဘူး ဆိုတဲ့ မက်ဆေ့ခ်ျ ကို ပေး ပါတယ့့်
အစဉ်အလာ ချိုးဖေါက်ရ မှု တွေ ရှိ ကောင်း ရှိနိုင်ပါ တယ့့် စာအုပ်ကြီး အတိုင်း လုပ်လို့ မရတော့ တဲ့ အနေအထား
တွေ က ရှိ လာတတ်ပါတယ့့်
" ကြိုးစားနေသူ တစ်ယောက်မှာ မဖြစ်နိုင် ဘူးဆိုတာ့ မရှိ " ဟု အလက်ဇန်းဒါး က ပြောကြား ခဲ့ ပါတယ့့်
ဖြစ်ချင်သူ တစ်ယောက် အနေနှင့်
ဖြစ်အောင် လုပ်ဖို့ စိတ်လေး ဦးဆောင် နေရင်
အောင်မြင်မှု ဆိုတာ ရ ရှိမှာ ဖြစ်ပါသည်။
Ref : Wiki and the Voice
No comments:
Post a Comment