Tuesday, January 12, 2016

လူသားတွေကို အနာကျင်စေဆုံးလက်နက်က

လူသားတွေကို အနာကျင်စေဆုံး လက်နက်က…

=========================

လူတစ်ယောက်ကို ကြေကွဲနာကျင်မှု အပေးနိုင်ဆုံး လက်နက်ကတော့ ရင့်သီး ခက်ထန်တဲ့ စကားလုံးတွေပဲ ဖြစ်ပါတယ်။ လူတစ်ယောက် ထိခိုက်နာကျင်စေဖို့ တုတ်၊ဓား၊လက်နက်တွေ မလိုပါဘူး။ အားငယ် ဝမ်းနည်းသွားစေမယ့် စကားလုံးတွေ က လူတစ်ယောက်ကို မျက်ရည်ပေါက်ပေါက်ကျသွားအောင် စွမ်းနိုင်ပါတယ်။ ဒါကြောင့် စကားပြောတဲ့ အခါ တစ်ဖက်လူ မထိခိုက်စေဖို့ ဂရုစိုက်သင့်ပါတယ်။

ကိုယ့်အပေါ် နာကျင်စေမယ့် စကားလုံးတွေနဲ့ ထိုးနှက်တတ်သူတွေကိုလည်း ရှောင်ကျဉ်သင့်ပါတယ်။ အကြောင်းကတော့ ဒီလို ပတ်ဝန်းကျင်မျိုးမှာ ကျင်လည်ရပါ များလာတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ မရှိတော့ဘဲ စိတ်ဓါတ်တွေ ကျဆင်းလာတတ်လို့ပါ။ ဒါကြောင့် ကိုယ်ကလည်း သူတစ်ပါးကို ထိခိုင်နာကျင်အောင် မလုပ်သင့်သလို ကိုယ့်ကို နာကျင်စေမယ့် သူတွေကိုလည်း ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ နားလည်ပေးခြင်းတွေ၊ ပေးဆပ်ခြင်းတွေဟာ လူတကာနဲ့ မထိုက်တန်ပါဘူး။ ဒါမျိုးတွေဟာ ကျွန်မတို့ ရွေးချယ်ခွင့်ရှိတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။

ကိုယ်မနှစ်သက်ဘဲနဲ့တော့ ကိုယ့်စိတ်ကို နာကျင်စေမယ့်သူတွေနဲ့ သည်းခံပေါင်းသင်းနေဖို့ မလိုပါဘူး။ မပေါင်းလို့ အားနာရတာက ခဏပါ။ သူ့ကို ပေါင်းသင်းလို့ ရလာမယ့် ဆိုးကျိုးတွေက အများကြီးမို့ စွန့်လွှတ်သင့်တဲ့ အရာတွေကို စွန့်လွှတ်နိုင်မှ စိတ်အေးချမ်းစွာ နေနိုင်မှာပဲ ဖြစ်ပါတယ်။

Mr Copy

No comments:

Post a Comment