မင်္ဂလာပါ.. ........
*ဘဝကို ပုံသေတွက်မထားနဲ့*
°°°°°°°°°°°°°°°°°°°°°°°°°°
✨မိမိဘဝမှာ ပစ္စည်းဥစ္စာတွေ ရှာဖွေလို့ရတဲ့
အခါမျိုးရှိနိုင်သလို မရတဲ့အခါမျိုးတွေလဲဘဲ ရှိနိုင်ပါတယ်။အားမလျော့ပါနဲ့.......
✨မိဘ|ဆွေမျိုး|အပေါင်းအသင်းသူငယ်ချင်းများ
နဲ့ သိုက်သိုက်ဝန်းဝန်းပျော်ပျော်ပါးပါး နေရတဲ့
အခါမျိုးတွေရှိသလို တစ်ယောက်ထီးတည်း
အဖော်မဲ့တဲ့ အချိန်တွေလည်းရှိနိုင်ပါတယ်။
အားမငယ်ပါနဲ့.........
✨ချီးမွမ်းထောပနာ သြဘာသံတွေ ကြားရတဲ့
အခါမျိုးရှိသလို အပြစ်တင်ကဲ့ရဲ့ရှုတ်ချတဲ့ စကား
သံတွေ ကြားရတဲ့ အခါမျိုးတွေလဲဘဲ ရှိနိုင်ပါတယ်။မတုန်လှုပ်ပါနဲ့........
✨ချမ်းသာသုခတွေ စံစားရတဲ့ အခါမျိုးတွေ
ရှိနိုင်သလို ဆင်းရဲဒုက္ခတွေ ခံစားရတဲ့ အခါမျူိး
တွေလဲဘဲ ရှိနိုင်ပါတယ်။အားမငယ်ပါနဲ့.......
✨လူတိုင်းကြုံတွေ့ရမဲ့ ဒီလောကဓံတရား(၈)ပါး
မှာ အကောင်းနဲ့ပဲတွေ့တွေ့ အဆိုးနဲ့ပဲကြုံ ကြုံ
မတုန်မလှုပ် ရင်ဆိုင်ရဲတဲ့ စွမ်းရည်ရှိအောင်
ကြိုးစားထားဖို့ လိုအပ်ပါတယ်။ယောင်တောင်
တောင် မလုပ်ပါနဲ့.. .........
✨နေရေးကို ဦးစားပေးပြီး စီးပွားဥစ္စာ ရှာဖွေနေ
တာကို မှားတယ်လို့ မဆိုနိုင်ပါ။သေရေးကို ဦးစားပေးပြီး တရားအလုပ်ကို တကယ်လုပ်နေရင်လည်း မှားတယ်လို့ မဆိုနိုင်ပါ။
✨ဒီလိုမှမဟုတ်ဘဲ စီးပွားရေးသမားယောင်ယောင် တရားသမားယောင်ယောင် ယောင်တောင်ပေါင်တောင်လုပ်နေရင် စီးပွားဥစ္စာလဲ
မရ တရားလဲမရ ဖြစ်နေမယ်။
✨ဖွတ်မရ ဓားမဆုံး ဆိုတာမျိုးဖြစ်သွားတတ်ပါ
တယ်။ယောင်တောင်လုပ်နေရင် ရှူးတူးတူး ဖြစ်
သွားတတ်ပါတယ်။ကိုယ်တကယ်စိတ်ဝင်စားတဲ့
အလုပ်ကို တကယ်လုပ်နေဖို့ပဲ အရေးကြီးပါတယ်။
မေတ္တာဖြင့်.........
ကြိုက်နှစ်သက်က "Share"နိုင်ပါတယ်
No comments:
Post a Comment