ဂေါတမမြတ်စွာဘုရားလက်ထက် အစဦးဆုံးသရဏဂုံတည်သူများ
**********
ဂေါတမမြတ်စွာဘုရားသည်သတ္တမသတ္တာဟ၌ လင်းလွန်းပင်ရင်းဝယ်စံနေတော်မူစဉ်ဥက္က လာနယ်မှကုန်ရောင်းလာကြသော တပုဿ နှင့် ဘလ္လိက ကုန်သည်ညီနောင်တို့ရောက် လာကြပြီးလျှင်မြတ်စွာဘုရားအားပျားဆုပ်မုန့်နှင့် မုန့်ကြွက်ကျစ်တို့ကိုလှူဒါန်းကြသဖြင့်မြတ် စွာဘုရားကအနုမောဒနာတရားဟောကြားသောအခါ ဘုရားနှင့်တရားသရဏဂုံနှစ်ပါးကို ယုံ
ကြည်ဆည်းကပ်ကြ၏။ ဤကုန်သည်ညီနောင်မှာမြတ်စွာဘုရား၏ ပထမဆုံးသာဝကများလည်းဖြစ်သရဏဂုံနှစ်ပါး အစဆုံးတည်သူများလည်းဖြစ်ကြ၏။ ထိုအချိန်အခါက မြတ်စွားဘုရား၏သာသနာ့နွယ်သံဃာမရှိ သေးသဖြင့်သရဏဂုံနှစ်ပါးသာဆောက်တည်ရပါ၏။ ကုန်သည်ညီနောင်တို့ကအမြဲကိုးကွယ်ဖို့ရာ ပူဇော်ဖွယ်တစ်ခုခုချီးမြှင့်တော်မူပါရန်လျှောက် ထားကြသောအခါမြတ်စွာဘုရားကဆံတော်ကို လက်ဖြင့်သပ်၍လက်တွင်ပါလာသောဆံတော် ဓာတ်တို့ကိုချီးမြှင့်တော်မူလိုက်၏။ ကုန်သည်ညီနောင်တို့သည်ဥက္ကလာသို့ ပြန်ရောက်သောအခါ ထိုဆံတော်တို့ကိုဌာပနာ၍စေတီတည်ထားကြ၏။ (ဤကုန်သည်ညီနောင်တို့၏ဥက္ကလာနယ်ကိုပင် ဥက္ကလာပဟုခေါ်သောဒဂုံမြို့ဟုယူဆကြကာယ ခုရွှေတိဂုံစေတီတော်ကိုထိုစဉ်ကတပုဿနှင့် ဘလ္လိကညီနောင်တို့တည်ထား၍ဆံတော်များ ဌာပနာခဲ့ကြသည်ဟုယူဆကြ၏။အချို့သော သုတေသီပညာရှင်တို့ကမူထိုစဉ်ကဥက္ကလာနယ် ဆိုသည်မှာအိန္ဒိယပြည်၌ ယခုရှိနေသော သြရိဿနယ် ဖြစ်ဟန်ရှိကြောင်းရေးသားကြ၏။ ထိုအချိန်အခါကမြန်မာနိုင်ငံသို့ဗုဒ္ဓသာသနာ ရောက်ရှိဟန်မရှိဟုသုံးသပ်ကြ၏။) {ပြည်တွင်းပြည်ပသာသနာပြု ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အခြေပျိုးဗုဒ္ဓဘာသာကိုကိုးကား ရေးသားပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော်အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
No comments:
Post a Comment