Tuesday, January 12, 2016

ဘုရားရှိခိုး

နမော တဿ ဘဂဝတော အရဟတော သမ္မာ
သမ္ဗုဒ္ဓဿ။
1.သစ္စာလေးပါးကို ကောင်းစွာ သိမြင်တော်မူ
သော မြတ်စွာဘုရားအား ကိုးကွယ်ရာဟူ၍
ဆည်းကပ်ပါ၏။
ဂုဏ်တော် ကိုးပါးနှင့်ပြည့်စုံတော်မူသော
မြတ်စွာဘုရားမှ တစ်ပါး အခြား ကိုးကွယ်ရာ
မရှိဟု မပြတ်မှန်စွာ အောင့်မေ့ပါ၏။
2.ဆယ်တန် ပိုင်းဖြတ်တရားတော်မြတ်ကို
ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
ဂုဏ်တော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော
တရားမြတ်မှ တစ်ပါး အခြား ကိုးကွယ်ရာမရှိဟု
မပြတ်မှန်စွာ အောင့်မေ့ပါ၏။
3.အရိယာသံဃာတော်မြတ် အပေါင်းကို
ကိုးကွယ်ရာ ဟူ၍ မပြတ်မှန်စွာ အောင့်မေ့ပါ၏။
ဂုဏ်တော် ကိုးပါးနှင့် ပြည့်စုံတော် မူသော
ဘုရားသား အရိယာသံဃာတော် မှ တစ်ပါး
အခြား ကိုးကွယ်ရာ မရှိဟု မပြတ်မှန်စွာ
အောင်မေ့ပါ၏။
4.ငါးပါးသီလ /ရှစ်ပါးသီလ လုံခြုံ ကောင်းစွာ
ဆောက်တည်ပါ၏။
5.ဗြဟ္မာ နတ် လူ တစုံတစ်ယောက်မှ မြတ်စွာ
ဘုရား၏ အသက်ကို အန္တရာယ်မပြု နိုင်။
6.ဗြဟ္မာ နတ် လူ တစုံတစ်ယောက်မှ မြတ်စွာ
ဘုရား၏ သဗ္ဗညုတ ညာဏ်တော်ကို အန္တရာယ်
မပြု နိုင်။
7.ဗြဟ္မာ နတ် လူ တစုံတယောက်မှ မြတ်စွာ
ဘုရား၏ ရောင်ခြည်တော်ခြောက်သွယ်ကို
အန္တရာယ် မပြုနိုင်။
8.မြတ်စွာဘုရားသည် မကွဲမပြတ်သော ကိုယ်
တော်လည်းရှိ၏။သွေးတော် ယိုစီးခြင်းမရှိ။
9.မြတ်စွာ ဘုရား အပေါ်သံသယမရှိ သက်ဝင်
ယုံကြည်ပါ၏။
10.အပူခပ်သိမ်း ကင်းငြိမ်း စေတတ်သော
ဆယ်ပါးသောတရားတော်မြတ်အပေါ်သံသယ
မရှိ သက်ဝင်ယုံကြည်ပါ၏။
11.အပူခပ်သိမ်း ကင်းငြိမ်းပြီးငြား ရှစ်ပါးထင်ပေါ်
အရိယာသံဃာတော် မြတ်အပေါင်း အား
သံသယမရှိ သက်ဝင်ယုံကြည်ပါ၏။
12.ဘုရား ၊ တရား၊ သံဃာ မှလွဲ၍ အခြား
ကိုးကွယ်ရာ မရှိပါ။

*ဧတေန သစ္စဝဇ္ဇေန*
*******************
*******************
*******************

No comments:

Post a Comment