"မူမတူလို့လူကွဲ တွဲလေလွဲလေပဲ"
•••••••••••••••••••••••••••••
.
ကျီးကန်း
--------
အမည်းရောင်အဆင်းရှိသောကျီးကန်းသည် အမြဲတမ်းအချောင်နှိုက်ရန် ပိုင်ရှင်၏အလစ်ကို ချောင်းမြောင်းနေတတ်၏။
ထို့အတူ ရာဂသွေး ဒေါသသွေးဖြင့် မွေးဖွားလာသူသည် ဘယ်နေရာရောက်ရောက် ဆင်ကြံ ကြံလျှက် ကျီးကဲ့သို့ အလစ်ကိုသာ စောင့်မျှော်ပြီး သုတ်ချီစားတတ်၏။ ။
ရေဗျိုင်း
--------
အဖြူရောင်အဆင်းရှိသူရေဗျိုင်းသည်လည်း အမြဲတမ်း ငါးရှိရာသို့စောင့်၍ ဖမ်းလေ့ရှိ၏။
ထို့အတူ ရာဂသွေးစစ်စစ်ဖြင့် မွေးဖွားလာ၍ ရုပ်ဆင်းအင်္ဂါအဖြူရောင်ရှိသူသည်လည်း တစ်ဖက်သား၏ အာရုံငါးပါးကို ခံစားခွင့်ရရန် အမြဲတမ်းအခွင့်အရေးကို စောင့်မျှော်လျှက် လှည့်ပတ်တတ်၏။ ။
ငူငှက်
****
အဝါရောင်အဆင်းရှိသောငူငှက်သည်ကား သူတစ်ပါးပစ္စည်းကို တော၌ပင်ဖြစ်ပစေ ကွယ်ရာ၌ပင်ထားစေဦး ရယူလိုသောဆန္ဒမရှိချေ။
အကယ်၍လူသားတို့က၎င်းအား ထောင်ဖမ်း၍အမိခံရသော်
"လူတို့ပစ္စည်းဖျက်စီးတတ်သည့်သူ မဟုတ်ပါကြောင်း"
အစာကိုအန်ထုတ်၍ သက်သေပြပြီးမှ အသေခံသွားလေ့ရှိ၏။
ထို့အတူ သဒ္ဓါသွေးဖြင့်မွေးဖွားလာသူသည်လည်း တစ်ဖက်သား၏ပစ္စည်းတို့ကို ရယူလိုခြင်း ပိုင်ဆိုင်လိုခြင်း အလျဉ်းမရှိ။
သူတော်ကောင်းတရား(၇)ပါးဖြင့်သာ အသက်မွေးဝမ်းကျောင်းလျှက် ရှိတတ်ချေ၏။ ။
(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)
No comments:
Post a Comment