ဘုရားလောင်းကို မွေးဖွားပြီးသော မယ်တော်သည်
အဘယ့်ကြောင့် ၇-ရက်မျှသာ နေရပြီး နတ်ရွာစံ
ရသလဲ
*************************************
ဘုရားလောင်းကို မွေးဖွားပြီးသော မယ်တော်သည် ၇-ရက်မျှသာ လူ့ဘုံ၌ နေ၍ နတ်ရွာစံရသည်။ တုသိတာနတ်ပြည်၌ ဖြစ်မြဲဖြစ်သည်။
အဘယ့်ကြောင့် ၇-ရက်မျှသာ နေရသည်ဆိုသော်
ဘုရားတဆူ ကိန်းပြီးသော မယ်တော်ဝမ်းတိုက်သည် စေတီကိန်းသော စေတီတိုက်နှင့်တူ၏။
စေတီထိုက်သောနေရာသည် တပါးသောသူတို့ သန္ဓေယူ ကိန်းအောင်းခြင်းငှါ၎င်း၊ သုံးဆောင်ခြင်းငှါ၎င်း၊ မထိုက်တော့ပေ။
ထို့ကြောင့် ၇-ရက်မျှသာနေ၍ တုသိတာနတ်နန်းသို့ စံမြန်းရမြဲ ထုံးစံဖြစ်လေ၏။
(ဆရာတော်ရဝေထွန်း - အရှင်တိလောကသာရ)
မှတဆင့်ဓမ္မဒါနတင်ပြအပ်ပါသည်ခင်ဗျာ
(ဗဟုသုတတိုးပွားပြီးသံသယကင်းရှင်းနိုင်ကြပါ
စေခင်ဗျာ)
(ကျွန်တော့်၏Postများမှဓမ္မတရားတော်များကို အများသူငါဖတ်ရှုလေ့လာကုသိုလ်ပွားနိုင်ရန်အတွက်ထပ်ဆင့်၍ဝေမျှ Shareခြင်းဖြင့်ကုသိုလ်
ယူနိုင်ကြပါသည်ခင်ဗျာ)
No comments:
Post a Comment