ရဲရဲတင်းတင်းဆုံးဖြတ်ပါ
************
ယောကျာ်းတစ်ယောက်ဟာသူ့ရဲ့ဘ၀တစ်သက်တာမှာ တန်ဖိုးရှိတဲ့မိန်းမကောင်းတစ်ယောက်ကို တစ်ကြိမ်တစ်ခါတော့လက်လွတ်ဖူးပါလိမ့်မယ်။
ဒါပေမဲ့ သူတို့တွေဟာဒီမိန်းကလေးကိုလက်လွတ်လိုက်ရပြီး ဆန့်ကျင်ဘက်အကျင့်စရိုက်ရှိတဲ့မိန်းကလေးကို ကြုံတွေ့တော့မှနောင်တရပြီး တန်ဖိုးထားရမှန်းသိပါလိမ့်မယ်။
မိန်းမတစ်ယောက်ဟာသူမရဲ့ဘ၀တစ်သက်သာမှာ ဆိုးသွမ်းတဲ့ယောကျာ်းတစ်ယောက်ကို ပက်သတ်ဖူးပါလိမ့်မယ်။
ဒါပေမဲ့ မိန်းကလေးတော်တော်များများဟာ သူတို့ရဲ့ရင်ဘတ်အစုံကွဲအက်ပြီး မျက်ရည်ကုန်ခမ်းသွားချိန်မှာမှ အဲဒီလူကိုလက်လွတ်ဖို့သင့်မှန်းသိလာတတ်ကြပါတယ်။
သင်ဟာယောကျာ်းတစ်ယောက်ဆိုရင် သင့်တွက်တန်ဖိုးရှိတဲ့ မိန်းကလေးတစ်ယောက်ကိုနောင်တတွေရပြီးမှ တန်ဖိုးသိလာတာထက် ကိုယ်ပိုင်ဆိုင်နေရချိန်မှာ တန်ဖိုးထားပါ။
သင်ဟာမိန်းကလေးတစ်ယောက်ဆိုရင်သင့်အတွက် ထိခိုက်နစ်နာပြီး တန်ဖိုးမထားတတ်တဲ့ယောကျာ်းတစ်ယောက်အတွက် သင့်ချိန်တွေမနှောင်းခင်မှာလက်လွတ်ဖို့ ရဲရဲတင်းတင်းဆုံးဖြတ်ပါ။
Posted via Blogaway
No comments:
Post a Comment