Monday, January 11, 2016

လျစ်လျူရှုတာ ဥပေက္ခာ ဘာကြောင့်ကောင်းသနည်း


"လူကိုမရှု ၊သူတို့ပြုသည့်၊ အမှုအပေါ်၊ တော်မတော်ဖြင့်၊ စော်စော်ကားစေ၊ ကောင်းပြုပေလည်း၊ စိတ်နေမခု၊ ချစ်မပြုဘဲ၊ လျစ်လျူရှုတာ၊ ဥပေက္ခာ၊ သည်ဟာ ဒါ့ကြောင့် ကောင်းသတည်း "

မုန်းလည်းမမုန်း ချစ်လည်းမချစ်ဘဲ အလယ်အလတ်၌ တည့်မတ်သောစိတ်ကို "ဥပေက္ခာပြု ခြင်း =လျစ်လျူရှုခြင်း"ဟု ခေါ်၏။ ထိုသို့ ရှုရာ၌ လည်း ပုဂ္ဂိုလ်ကို ရှုသည်မဟုတ်။ ထို ပုဂ္ဂိုလ်များ ပြုမူသော အမှုအပေါ်၌သာ ( စော်ကားလည်း မမုန်း၊ ရိုသေလေးစားလည်း မချစ်ဘဲ) လျစ်လျူရှုခြင်း ဖြစ်သည်။

ဆရာတော်အရှင်ဇနကာဘိဝံသ ( မဟာဂန္ဓာရုံ )

No comments:

Post a Comment