Thursday, January 7, 2016

ဘုရားရှင်ရဲ့အလုပ်အကျွေးတာဝန်

ဘုရားရှင်ရဲ့ အလုပ်အကျွေးတာဝန်
**********

အရှင်ပုဏ္ဏဟောကြားသော တရားကြောင့်ရှင်အာနန္ဒဟာရုပ်၊ဝေဒနာ၊သညာ၊ သင်္ခါရ၊ ၀ိညာဏ်လို့ဆိုတဲ့ဒီခန္ဓာငါးပါးအပေါ်မှာတဏှာနဲ့ တွယ်တာသာယာမှုဆိုတာမလာတော့ပါ။ ခန္ဓာအပေါ်ငြီးငွေ့လာပါတယ်။ငြီးငွေ့လာတဲ့အခါ တွယ်တာမှုတွေကင်းပြတ်လာပါတယ်။ တွယ်တာမှုကင်းပြတ်လာတာနဲ့တစ်ပြိုင်နက် စိတ်ကလေးဟာကိလေသာအတွယ်အတာတွေ

အားလုံးကနေလွတ်မြောက်သွားပါတယ်၊ အဲဒီတရားကိုနာရင်းရှင်အာနန္ဒဟာ သောတာပန်ဖြစ်သွားပါတယ်။၃၇နှစ်အရွယ်လောက် မှာသောတာပန်ဖြစ်ပြီးတော့နောက်အသက်၅၀ ကျော်တဲ့အရွယ်မှာမြတ်စွာဘုရားရဲ့အလုပ်အ ကျွေးရာထူးကိုရပါတယ်။မြတ်စွာဘုရားရဲ့ အလုပ်အကျွေးဘ၀နဲ့ ရှင်အာနန္ဒဟာနှစ်ပေါင်း (၂၅)နှစ် မြတ်စွာဘုရားကိုအလုပ်အကျွေးပြုခဲ့ပါတယ်။ မြတ်စွာဘုရားကိုဝတ်ကြီးဝတ်ငယ်ပြုတဲ့ နေရာမှာလည်းပဲလုံ့လ၀ီရိယအင်မတန်ကောင်းပါ တယ်။သာမန်-ဘုရားကိုပြုစုတာမဟုတ်ဘဲ။ ညအခါမှာဆိုလို့ရှိရင်မြတ်စွာဘုရားနဲ့ ဂန္ဓကုဋီကျောင်း တော်ထဲမှာအတူမနေ-သို့သော် ခပ်လှမ်းလှမ်းကျောင်းမှာနေပြီးမြတ်စွာဘုရား သီတင်းသုံးတဲ့ဂန္ဓ ကုဋီကျောင်းဆောင်ကိုတစ်ညလျှင်ကိုးခါလောက် လှည့်ပတ်ပြီးကြည့်ပါတယ်။ဘာဖြစ်လို့ကျောင်း တော်နားသွားပြီးတစ်ညကိုးခါလှည့်ကြည့်သလဲဆိုရင် မြတ်စွာဘုရားကအလိုတော်ရှိလို့အာနန္ဒာလို့ ခေါ်လိုက်ရင်ကြားရအောင်လို့တဲ့။မြတ်စွာဘုရားကို အဲဒီလောက်ဂရုစိုက်တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ရှင်အာနန္ဒမထေရ်မြတ်ဟာမြတ်စွာဘုရားရဲ့ တာဝန်တွေ၊ဘုရားကိုပြုစုလုပ်ကျွေးရတဲ့ တာဝန်တွေ၊တဖန်ဓမ္မတာဝန်လို့ဆိုတဲ့မြတ်စွာဘုရား ဟောတဲ့တရားတော်တွေကိုထိန်းသိမ်းစောင့် ရှောက်ရတဲ့တာဝန်တွေ၊အဲဒီတာဝန်တွေ ဆောင်ရွက်လုပ်ကိုင်နေရသဖြင့်သောတာပန်ဘ၀နဲ့ နှစ် ပေါင်းလေးဆယ်ကျော်နေခဲ့တယ်။နောက်တွင် ရဟန္တာဖြစ်ပြီးရှင်အာနန္ဒမထေရ်မြတ်ဟာ ရဟန္တာအရှင်မြတ်ငါးရာတို့ဖြင့် ဘုရားရှင်ဟောကြားတော်မူသောတရားတော်များကို မပျောက်ပျက် အောင်နှုတ်ဆောင်ဖြင့်ပထမသင်္ဂါယနာတင်ခဲ့ပါသည်။ ဒါကြောင့်မိမိတို့လည်းဝိပဿနာတရား အားထုတ်လို့ရှိရင်ဒီရှုမှတ်ဖွယ်ရာအာရုံတွေနဲ့ပဲ တရားအားထုတ်ကြရမှာဖြစ်တယ်လို့ကိုယ်စီကိုယ်ငှ သဘောကျပြီးရှင်အာနန္ဒမထေရ်မြတ်ကဲ့သို့ တရားထူးတရားမြတ်ရအောင်ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။ {၁၃၇၁ခုနှစ်၊နှောင်းတန်ခူးလပြည့်ကျော်(၅)ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊လှိုင်မြို့နယ်၊ (၁၆)ရပ်ကွက်၊ ဓမ္မသဘင်အခမ်းအနားဝယ် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသဟောကြားအပ် သော အရှင်အာနန္ဒ၏၀ိပဿနာ တရားဒေသနာတော်မှကောက်နုတ်ရေးသား ပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော်အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

ဦးသိန်းဝေ။

No comments:

Post a Comment