Thursday, January 7, 2016

အောင်လအန်ဆိုင်း

မြန်မာလက်ဝှေ့သမားတွေကိုကမ္ဘာကျော်တွေဖြစ်စေလိုတဲ့ အောင်လအန်ဆိုင်း
6 minutes ago · Get notifications
မြန်မာ့ ရိုးရာလက်ဝှေ့သမားများကို MMAပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ကမ္ဘာကျော် လက်ဝှေ့သမားများ အဖြစ်အောင်မြင်စေလိုကြောင်း မတ်လတွင် ကျင်းပသွားမည့် One Championship ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ကချင်တိုင်းရင်းသားအောင်လအန်ဆိုင်းက ဇန်နဝါရီလ ၇ ရက်ကပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဘက်စုံကိုယ်ခံပညာသုံးပြိုင်ပွဲ( Mixed Martial Art-MMA) ONE Championship ပြိုင်ပွဲ၏ ပွဲအကြိုသတင်းစာရှင်းလင်းပွဲကို ယနေ့နံနက်က ကန်တော်ကြီးပဲလေ့စ်တွင်ကျင်းပခဲ့ရာ” မြန်မာစပါးကြီးမြွေ” (Burmese Python)အဖြစ် လူသိများသည့် MMA လက်ဝှေ့သမား အောင်လအန်ဆိုင်း တက်ရောက်ခဲ့သည်။
“မြန်မာ့ရိုးရာ လက်ဝှေ့သမားတွေ အနေနဲ့ MMAပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ကမ္ဘာ ကျော်တဲ့လက်ဝှေ့သမားတွေ အဖြစ် အောင်မြင် စေချင်တယ်။မြန်မာ့ရိုးရာလက်ဝှေ့ကိုလည်း တိုးတက်အောင်လုပ်ရင်း တစ်ဘက်ကလည်း MMAပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်စေချင် တယ်။ဒါမှမြန်မာဆိုတာကို နိုင်ငံတကာက သိမှာ။မြန်မာ့ရိုးရာလက်ဝှေ့ကလည်း အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်”ဟို အောင်လအန်ဆိုင်းကပြောသည်။
၂ဝ၁၆ခုနှစ် မတ်လ၁၈ရက်တွင် သုဝဏ္ဏအားကစားရုံ၁တွင် ကျင်းပမည့် ယင်းပြိုင်ပွဲတွင် အောင်လနှင့် ထိုးသတ်မည့် တွဲဆိုင်းကို အတည်ပြုခြင်းမရှိသေးသော်လည်း ပြိုင်ဘက်ကိုအကောင်းဆုံးတုန့်ပြန်ကာ ယှဉ်ပြိုင် မည်ဖြစ်ပြီး မည်သည့်ပြိုင်ဘက်ကိုမှ ကြောက်ရွံ့နေမည်မဟုတ်ကြောင်း ၄င်းကဆိုသည်။

အဆိုပါပြိုင်ပွဲကိုစင်ကာပူအခြေစိုက်မီဒီယာလုပ်ငန်းစု One Championship (ONE)နှင့် မြန်မာနိုင်ငံမှ AGD ဘဏ်တို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။
အမေရိကန်တွင် မြန်မာ့စပါးကြီးမြွေ (Burmes Phthon)ဟု ကျော်ကြားသည့်ကချင်တိုင်းရင်းသား အောင်လအန်ဆိုင်း သည် MMA ပြိုင်ပွဲများတွင် မစ်ဒယ်ဝိတ်တန်း၌ ယှဉ်ပြိုင်နေသူဖြစ်ပြီး ၂၅ ပွဲကစားရာတွင် ၁၆ ပွဲ အနိုင်ရရှိထားသည်။
ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

No comments:

Post a Comment