Friday, January 8, 2016

စိတ်တိုင်းမကျဖြစ်ခဲ့ကြရင်

စိတ်တိုင်းမကျ ဖြစ်ခဲ့ကြရင်

ကိုယ့်ကိုယ်ကို စိတ်တိုင်းမကျ ဖြစ်တဲ့အခါ
“ငါဆိုတာမရှိ၊ ငါ့ဥစ္စာဆိုတာ၊ ငါပိုင်ဆိုင်တယ်ဆိုတာ မရှိတဲ့ လောကကြီးမှာ ငါ့သဘောအတိုင်း ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ကြောင်း” သတိပြုဆင်ခြင်ပြီး
ဖြေဆည်ကြည့်ရမှာ ဖြစ်သလို . .

သူတပါးကို အကြောင်းပြုပြီး စိတ်တိုင်းမကျ ဖြစ်ခဲ့ရင်လည်း
ကိုယ့်ကိုယ်ကိုယ်နဲ့ ချိန်ထိုးကြည့်ကာ
“ကိုယ်ကိုယ်တိုင်တောင် ကိုယ့်သဘောအတိုင်း မဖြစ်တာ၊ သူတပါးတွေကို ကိုယ့်စိတ်တိုင်းကျ ဖြစ်ဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” စသဖြင့်
အသိ, သတိနဲ့ ဖြေဆည်ကြည့်ရမှာ ဖြစ်ပါတယ်။

( အရှင်ဝိစိတ္တ - မနာပဒါယီ )

No comments:

Post a Comment