ကျောက်ကပ်ဝေဒနာသည်များ ၀မ်းမြောက်ဖွယ်
---------------------------------------------------------
ကျောက်ကပ်ဝေဒနာခံစားနေရသူများမှာ လူလည်းပင်ပန်း၊ ငွေကြေးကုန်ကျမှု များပြားသော ရောဂါတစ်ခုဖြစ်ပါသည်။ သိန်းထောင်ချီ၍ ချမ်းသာသောသူပင် ဒေ၀ါလီခံရသော ရောဂါပါ။ ကျောက်ကပ်ဆေးနေရသူများမှာ လူလည်းနာ ငွေလည်းကုန်လှပါသည်။ အချိန်အခိုက်အတန့်တစ်ခုသာ ထိန်းထားနိုင်ပြီး မရဏမင်းထံ သွားရသည်သာများပါသည်။ လဲလှယ်နိုင်မှသာ အသက်ဆက်နိုင်ပါသည်။ လဲဖို့စရိတ်ကလည်း သိန်းထောင်ကျော် ကုန်ကျပါသည်။ ထို့ကြောင့် ကျောက်ကပ်ဝေဒနာသည်များ အောက်ပါအတိုင်း ဆောင်ရွက်ကြည့်ပါ။ ဖြစ်ခါစတွင်ပျောက်ကင်း၍ နာတာရှည် ခံစားနေရသူများသက်သာပြီး ကျောက်ကပ်ဆေးနေရသူများ အကြိမ်ရေ လျော့ပါးလာစေရပါမည်ဟု လုံးဝအာမခံပါသည်။ ကျွန်တော်ကိုယ်တိုင် လွန်ခဲ့သော သုံးနှစ်က ခံစားခဲ့ဖူးပါသည်။ သိသိခြင်း ဆောင်ရွက်ခဲ့သဖြင့် သုံးလအတွင်း ပျောက်ကင်းခဲ့ပါသည်။ စရိတ်သက်သာ အကုန်အကျနည်း၍ လုံးဝအထင်မသေးပါနှင့်။ ကမ္ဘာပေါ်တွင် နာမည်ကြီးနေပြီဖြစ်သည့် HERBAL MEDICINE ကုသနည်းပါ။ အနောက်နိုင်ငံများတွင်ပင် ဘေးထွက်ဆိုးကျိုး များပြားလာသည့် အနောက်တိုင်းဆေးများကို သောက်သုံးရန် ချင့်ချိန်လာကြပြီး သစ်ဥသစ်ဖု သဘာဝအပင်များမှ
ထုတ်ယူသောဆေးများကို ပြောင်းလဲသုံးစွဲနေပါပြီ။ မြန်မာပြည်တွင် ဒေါက်တာခင်မောင်လွင် ထုတ်လုပ်သည့် fame ဆေးတိုက်မှဆေးများ ကမ္ဘာတွင် နာမည်ရနေပါပြီ။ ယခုတင်ပြသောဆေးနည်းမှာ ကျွန်တော်တို့မိသားစု ဘိုးစဉ်ဘောင်ဆက် သုံးစွဲခဲ့သောနည်းပါ။
၁။ ကျောက်ဖရုံသီးဟင်းချိုကို နေ့စဉ်သောက်ပေးပါ။ (အသား၊ငါး မရောပါနှင့်။ ရောဂါမရှိသေးသူများသောက်ပါက ဆီးကောင်းစေပြီး၊ ယောက်ျားများအတွက် ယောက်ျားပီသစေပါသည်။)
၂။ တရုတ်နံနံပင်ငါးရွက်ကို ရေနွေးဖြူထဲတွင်ထည့်စိမ်ပါ။ လက်ဖက်ခြောက်ခပ်၍ ရေနွေးသောက်သလိုသောက်ပါ။ အဖတ်ဝါးစားပါ။ ညနေစာစားပြီး နာရီဝက်ခန့်ခြားပြီးမှသောက်ပါ။ အိပ်ချိန်နှင့်ဝေးပါစေ။ သွေးတိုးပါကျစေသဖြင့် မျက်လုံးကြောင်တတ်ပါသည်။ ည ခုနစ်နာရီဆိုလျှင် သင့်ပါသည်။
၃။ ကျောက်ကပ်ကြောင့် အသည်းအသန်အောင့်နေသူများ ကျောက်ဖရုံသီးကို ခွဲ အူတိုင်ထုတ်ပြီး ကျောက်ကပ်နေရာသို့ အတွင်းသားဖြင့်ကပ်၍ စည်းထားပါ။ တဖြေးဖြေးသက်သာလာပါမည်။
၎။ ရေပူစမ်းနှင့်နီးပါက တစ်ပါတ်တစ်ကြိမ်ချိုးပါ။ မနီးပါက ရေနွေးနှင့်ချိုးပြီး ချွေးအောင်းပါ။
သုံးလအနည်းဆုံးထားပြီး ဆောင်ရွက်ပါ။ ကျောက်ကပ်ဆေးနေရသူများပင် အကြိမ်ရေလျော့လာသည်ကို တွေ့ရပါမည်။ ပျောက်ကင်းသက်သာပါက လူတိုင်းအားဖြန့်ဝေပါ။ မသက်သာပါက ကျွန်တော့်အား စိတ်ဆိုးကြပါ။ ယနေ့အချိန်အထိတော့ လာရောက်ကျေးဇူးတင်သူသာ ရှိပါသေးသည်။ သက်သာကြသူသာတွေ့ရသဖြင့်အများအသုံးချနိုင်စေရန် အင်တာနက်စာမျက်နှာပေါ် တင်လိုက်ရပါသည်။
Credit - မင်းဆွေဦး
Tuesday, January 12, 2016
ကျောက်ကပ်ဝေဒနာသည်များဝမ်းမြောက်ဖွယ်ရာ
Monday, January 11, 2016
ဝမ်းဗိုက်အဆီကို လျော့ချနိုင်သည့် စူပါအစားအစာ(၈)မျိုး
ဝမ်းဗိုက်အဆီကို လျှော့ချနိုင်သည့် စူပါအစားအစာ ရှစ်မျိုး
-----------------------------------------------------------------------
ဗိုက်ပူနေလို့ စိတ်ညစ်နေပါသလား။ အောက်ပါစူပါအစားအစာရှစ်မျိုးဟာ ၀မ်းဗိုက်အဆီနဲ့ ရောင်ရမ်းမှုဖြစ်စဉ်ကို လျှော့ချနိုင်တာကြောင့် စားသုံးကြည့်သင့်ပါတယ်။
#လက်ဖက်စိမ်း(GreenTea)
Green Tea က ခါးသေးစေနိုင်သလို ရောင်ရမ်းမှုဖြစ်စဉ်ကိုလည်း လျော့ကျစေနိုင်ပါတယ်။ သူ့မှာပါဝင်တဲ့ ဖလေဗိုနွိုက်က ရောင်ရမ်းမှုဖြစ်စဉ်ကို လျော့ကျနိုင်တဲ့ ဂုဏ်သတ္တိရှိပြီး EGCG ဒြပ်ပေါင်းက ခန္ဓာကိုယ်ရဲ့ အဆီကို လျော့ကျဖို့ ကူညီ
နိုင်ပါတယ်။
#ကြက်သွန်ဖြူ
ကြက်သွန်ဖြူက ပိုးသတ်နိုင်တဲ့ ဂုဏ်သတ်္တိရှိပြီး သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းချုပ်နိုင်ပါတယ်။ သွေးတွင်းသကြားနဲ့ အင်ဆူလင်အဆင့်ကို ထိန်းချုပ်နိုင်ပြီး စွမ်းအင်အတွက် အဆီလောင်ကျွမ်းမှုပိုကောင်းမွန်နိုင်တာကြောင့် ၀မ်းဗိုက်
က အဆီတွေ လျော့သွားနိုင်ပါတယ်။ ကြက်သွန်ဖြူဟာ အပူချိန်ကိုလည်း ထိန်းချုပ်နိုင်တဲ့အတွက် ဇီဝရုပ်ဖြစ်စဉ်ကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။
#သစ်ကြံပိုးခေါက်
သူက အဆီကို လောင်ကျွမ်းမှုအကောင်းဆုံးပါ။ သစ်ကြံပိုးခေါက်အမှုန့် စားပွဲဇွန်း တစ်ဝက်စာကို ရေနဲ့ ငါးမိနစ်ခန့် ပြုတ်ပြီး ပျားရည်တစ်ဇွန်းထည့်ကာ မနက် အိပ်ရာထခါစ တစ်ကြိမ်နဲ့ အိပ်ရာမ၀င်ခင် တစ်ကြိမ် သောက်ပေးပါ။
#ပူဒီနာ
စားပွဲဇွန်းတစ်ဇွန်းစာ ပျားရည်၊ ငရုတ်ကောင်းမှုန့်အနည်းငယ်နဲ့ ခြေထားတဲ့ ပူဒီနာကို ရေနွေးတစ်ခွက်ထဲ ရောစပ်ပြီး ငါးမိနစ်ခန့်ထားကာ သောက်ပေးပါက ၀မ်းဗိုက်ချပ်ရပ်စေနိုင်ပါတယ်။ ပျားရည်နဲ့ ငရုတ်ကောင်းက အဆီတွေကို ပျော်ဝင်
စေနိုင်ပြီး ဇီဝရုပ်ဖြစ်စဉ်ကို မြှင့်တင်နိုင်ကာ ပူဒီနာက ၀မ်းဗိုက်ပြဿနာကို ဖြေရှင်းနိုင်ပါတယ်။
#ပန်းသီး
ပန်းသီးကို ပုံမှန်စားသုံးပါက ရောဂါအများစုကို တွန်းလှန်နိုင်တဲ့အပြင် ၀မ်းဗိုက်မှအဆီကိုလည်း လျော့ကျစေနိုင်ပါတယ်။ ပန်းသီးမှာ ပိုတက်စီယမ်နဲ့ ဗီတာမင်တွေ များစွာပါဝင်ပြီး အစာအိမ်ကို ပြည့်တင်းမှုရရှိစေနိုင်ပါတယ်။
#ဖရဲသီး
ဖရဲသီးမှာ ရေဓာတ် ၈၂ ရာခိုင်နှုန်း ပါဝင်တဲ့အတွက် အစာအိမ်ကို ပြည့်တင်းမှု ရရှိစေနိုင်ပါတယ်။ သူ့မှာ ကျန်းမာရေးအတွက် အလွန်အကျိုးရှိတဲ့ ဗီတာမင် စီ လည်း များစွာ ပါဝင်ပါတယ်။
#ငှက်ပျောသီး
ငှက်ပျောသီးမှာ ပိုတက်စီယမ်နဲ့ ဗီတာမင်မျိုးစုံ များစွာပါဝင်တဲ့အတွက် အစာအိမ်ပြည့်တင်းမှုကို ရရှိစေနိုင်ပါတယ်။ ဒါ့အပြင် ဇီဝရုပ်ဖြစ်စဉ်ကို မြင့်တက်စေနိုင်ပြီး အဆီတွေကိုလည်း ပျော်ဝင်ပါတယ်။
#အိုမီဂါ၃_ပါဝင်မှုများသော_အစားအစာ
အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်နှုန်းများပြီး အိုမီဂါ ၆ ဖက်တီးအက်စစ် ပါဝင်နှုန်းနည်းတဲ့ အစားအစာတွေက ရောင်ရမ်းမှုဖြစ်စဉ်လျော့ကျတာနဲ့ ဆက်စပ်မှုရှိတယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ ဆော်လမွန်ငါးနဲ့ သစ်ကြားသီးတွေမှာ အိုမီဂါ ၃ အဆီ များစွာ ပါဝင်ပါတယ်။
ဒေါက်တာခင်မိုးမိုး
မျှစ်၏စွမ်းပကား လွန်ထူးခြား
မျှစ်၏စွမ်းပကား လွန်ထူးခြား
မြန်မာ လူမျိုးတွေက မျှစ်ကို ကြော်ချက်ပြီး ဟင်းလျာ အမျိုးမျိုး ပြုလုပ် စားသောက် တတ်ကြပါတယ်။
ဒါပေမယ့် မျှစ်တွေကို ဆေးဆိုးထားတယ် ဆိုတဲ့သတင်း ထွက်လာပြီးနောက်မှာ မျှစ်ကို စားဖို့ လက်တွန့် သွားကြပါတယ်။ ဒါကြောင့် ဆေးမဆိုး ထားတဲ့ မျှစ်တွေကို ရွေးချယ် စားသောက်ဖို့ အကြံပြုရင်း မျှစ်ကြောင့် ရရှိလာနိုင်တဲ့ ကျန်းမာရေး စွမ်းပကားတွေကို ရေးသား လိုက်ရပါတယ်။
(၁) အစာခြေစနစ်ကျန်းမာ
ခြင်းမျှစ်ဟာ အစာအိမ်ရဲ့ အစာချေဖျက်တဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေ ပါတယ်။ မျှစ်ဟာ အစာအိမ် ဝေဒနာကို သက်သာစေပြီး ဝမ်းပျက်ဝမ်းလျှော ရောဂါကိုလည်း သက်သာစေပါ တယ်။
(၂) နာတာရှည်ရောဂါ ဖြစ်နိုင်ခြေ လျော့ကျစေခြင်း
မျှစ်မှာ ဖီနောလစ်အက်စစ် များစွာ ပါဝင်မှုကြောင့် ရောင်ရမ်းမှု လျော့ကျပြီး အင်တီအောက်ဆီးဒင့် အစွမ်း ရှိပါတယ်။ ဒါကြောင့် နှလုံးရောဂါ အပါအဝင် နာတာရှည် ရောဂါတွေ ကို လျော့ ကျစေပါတယ်။ မျှစ်မှာ ပါဝင်တဲ့ ပိုတက်စီယမ်ဟာလည်း နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
(၃) ပိုးသတ် အာနိသင်ရှိခြင်း
မျှစ်မှာ ဖိုင်ကိုကမ်မီကယ် များစွာ ပါဝင်တာကြောင့် ဖန်းဂတ်စ်မှိုတား အာနိသင်၊ ဘက်တီးရီးယား ဆန့်ကျင်တဲ့ အာနိသင်နဲ့ ကင်ဆာတား အာနိသင်တို့ ရှိကြပါတယ်။
(၄)သွေးဖိအားကို ထိန်းသိမ်းပေးခြင်း
မျှစ်မှာ ပိုက်တက်စီယမ် ပါဝင်မှု များတာကြောင့် သွေးတိုးကို ကျစေပါတယ်။ မျှစ်တစ်ခွက်မှာ တစ်နေ့တာ လိုအပ်တဲ့ ပိုတက်စီယမ် ပမာဏရဲ့ ငါးပုံတစ်ပုံ ပါဝင်နေပါတယ်။
(၅) မကောင်းသော အဆီကို ကျစေခြင်း
မျှစ်ဟာ မကောင်းတဲ့ ကိုလက်စထရော အဆီ (LDL) ကို လျော့ကျစေပါတယ်။ မျှစ်မှာ ကယ်လိုရီပါဝင်မှု လျော့နည်းတာကြောင့် အဝလွန်သူတွေနဲ့ သင့်တော်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ် ပါဝင်မှုများပြီး မကြာခဏ ဆာလောင်မှု လျော့နည်းတာကြောင့် ကိုယ်အလေးချိန် ထိန်းနေသူတွေအတွက် သင့်တော်ပါတယ်။ မျှစ်ရည်ဟာ အူလမ်းကြောင်းရှိ သန်ကောင်တွေကို လျော့ကျစေပါ တယ်။
(၆) ဝမ်းမှန်မှန်သွားစေခြင်း
မျှစ်မှာ အမျှင်ဓာတ်များစွာ ပါဝင်တဲ့အတွက် အူလှုပ်ရှားမှုက ကောင်းမွန်စေပြီး နာတာရှည် ဝမ်းချုပ်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မျှစ်တစ်ခွက် စားပေရင် တစ်နေ့တာ လိုအပ်တဲ့ အမျှင် ဓာတ် ပမာဏကို ရရှိစေပါတယ်။
(၇) အမျိုးသမီးများတွင် ရာသီစက်ဝန်း မှန်စေခြင်း
မျှစ်တွေဟာ ရာသီစက်ဝန်းကို လှုံ့ဆော်ပေးပြီး ရာသီမှန်မှန် လာစေပါတယ်။
(၈) သည်းခြေအိတ်ကို ကျန်းမာစေခြင်း
ရိုးရာ ဆေးနည်းအနေနဲ့ မျှစ်ကို သည်းခြေအိတ် ဝေဒနာတွေ လျော့ကျဖို့အတွက် အိမ်သုံးဆေးတစ်လက် အနေနဲ့ အရင်က အသိပြုခဲ့ကြပါတယ်။
(၉) ဒဏ်ရာငယ်များကို သန့်စင်စေခြင်း
မျှစ်ရည်ဟာ ဒဏ်ရာငယ်တွေကို သန့်စင်စေတယ်လို့ သိရပါတယ်။ သန့်ရှင်းတဲ့ မျှစ်ရည်က ဒဏ်ရာအပေါ် လိမ်းပေးရင် အနာကျက် မြန်စေတယ်လို့ တချို့က ယုံကြည်ကြပါတယ်။
(၁၀) သွေးထွက်နေသော လိပ်ခေါင်းကို သက်သာစေခြင်း
လိပ်ခေါင်းက သွေးထွက်နေရင် ဂနိုဆီးပူညောင်းကျရောဂါ ဖြစ်နေလျှင် မျှစ်ကို စားပေးပါက သက်သာစေတယ်လို့ တချို့က ဆိုပါတယ်။
Good Health
﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏
ကျန်းမာရေးဗဟုသုတများရယူဖို့
ဒီနေရာတွင်နှိပ်ပါ
ကျန်းမာရေးအတွက်ဆေးတစ်ခွက်