ငှက်ပျောပင်၏ ပရဟိတစိတ်
❀ ❀ ❀ ❀ ❀ ❀ ❀
(ဒီဆောင်းပါးကလေးကို ပြီးအောင်ဖတ်
စေချင်ပါတယ်၊ ဖတ်ပြီးတဲ့သူတိုင်းလည်း
ပြုံးမိကြမှာပါ)
ကျွန်ုပ်နေတဲ့ နေရာအနီးမှာ ငှက်ပျော
ပင် တစ်ပင်ရှိတယ်သိပ်မကြီးသေးပါဘူး၊တစ်တောင်
လောက်ပဲရှိလိမ့်မယ်ထင်တယ်၊
တစ်ရက်........
သူကံမကောင်းရှာပါ၊ကားတစ်စီးလာ
ပြီး သူ့ကိုတက်ဖိသွားလေတော့ မြေကြီး
ပေါ်ပြားပြားဝပ်သွားခဲ့ရတယ်၊ဒီအပင်လေး
သေပြီလို့. ကျွန်ုပ်ထင် ထားတာ၊သုံး.လေး
ရက်လောက်ကြာ ကျွန်ုပ်အထင် လုံးဝလွဲ
တယ်ဗျာ၊ဒီကောင်က. မသေဘူး၊ခေါင်း
ကလေးထောင်လာသေးတယ်၊
နောက်တပတ်လောက်အကြာ.....
ဒီတစ်ခါလည်း သူကံမကောင်းရှာပါ၊
ကားတစ်တစီးလာပြီးတက်ဖိသွားပြန်
တော့ မြေကြီးပေါ်မှာပဲ ပြားပိသွားပြန်
တယ်၊ဒီတစ်ကြိမ် ဒီကောင်ဘဝပြောင်း
သွားပြီလို့. အထင်သေးတဲ့ ကျွန်ုပ်အမြင်
ဟာ နောက်သုံး_လေးရက်အကြာမှာ
လုံးဝမှားပြန်ပြီဗျာ၊
ဒီအပင်လေးက. မသေသေးဘဲ ခေါင်း
ထောင်နေတာကို၊
ဒီတော့........
ဘယ်လိုမှ ဒူးထောက်မခံတဲ့ ဒီအပင်
သူရဲကောင်းကို လေးစားသဖြင့် ကျွန်ုပ်
ပြုံးပြလိုက်တယ်၊
သူကလည်း ကျွန်ုပ်ကို ပြုံးပြပြီး
စကားကောင်းတစ်ခုကို ပြောချလိုက်တယ်
ဗျာ......
"လူတွေအတွက် ငှက်ပျောသီးတွေ
သီးပြီးမှ သေမယ်"တဲ့.........။
No comments:
Post a Comment