အမြင်ကတော့ဟုတ်သလိုလို
********
မြတ်စွာဘုရားလက်ထက်တော်က သိပ်ချောသိပ်လှတဲ့ခေမာမိဖုရားကြီးကသူရဲ့ အလှပေါ်မာန်တက်ပြီး၊ဘုရားနားလည်းမကပ်၊ တရားလဲမနာချင်၊သံဃာတော်တွေကိုလည်း မဖူးမျှော်ချင်ပါ။အဲဒီမိဖုရားကြီးကိုမြတ်စွာဘုရားက.. ခေမာမိဖုရားသင်ကလှတယ်ပတယ် ထင်နေတဲ့သင်ရဲ့ခန္ဓာကိုယ်ကြီးကိုတကယ် လှပတင့်တယ်မှုရှိမရှိ ဉာဏ်ပညာလေးနဲ့စစ်ပြီး
တော့ကြည့်စမ်းပါ။ဒီခန္ဓာကိုယ်ကြီးဟာ အမှန်တကယ်တော့(၉၆)ပါးသောရောဂါဝေဒနာတွေ အမြဲတမ်းစွဲကပ်ပြီးနေတဲ့ခန္ဓာကိုယ်ဖြစ်ပါတယ်။ တစ်ခဏလေးအနာရောဂါကင်းပြီးကျန်းမာ နေတယ်ဆိုတာမရှိပါဘူး။ပြီးတော့နေ့စဉ်ရေချိုး၊ အမြဲလိုလိုသန့်ရှင်းသုတ်သင်ပေးနေရတယ်။ ဒါပေမယ့်သန့်ရှင်းစင်ကြယ်တယ်လို့မရှိပါဘူး။ ရေမိုးချိုး၊အမွှေးနံ့သာလိမ်း၊ပန်းပန်ဖြီးလိမ်း ပြင်ဆင်လျက်နေရတယ်။ အပေါ်ပိုင်းခန္ဓာကိုယ်ကိုကြည့်တဲ့အခါ မျက်စိကိုကြည့်တော့မျက်ချေးတွေ၊နားကိုကြည့် တော့နဖါချေးတွေ၊နှာခေါင်းကိုကြည့်ပြန်တော့လည်း နှပ်ချေးတွေ၊သွားကိုကြည့်တော့သွား ချေးတွေပြည့်နေတဲ့ခန္ဓာကိုယ်ကြီးဖြစ်နေတယ်။
အောက်ပိုင်းခန္ဓာကိုယ်ကိုကြည့်လိုက်ပြန်တော့လည်း ကျင်ကြီးကျင်ငယ်တွေကိုနေ့စဉ် နှင့်အမျှယိုချ-ထုတ်ချပြီးနေတဲ့ ခန္ဓာကိုယ်ဖြစ်နေတယ်။ဟိုနားဒီနား ကြည့်ပြန်တော့လည်း မွေးညှင်းပေါက်အသီးသီးကချွေးတွေယိုစီးပြီး အပုပ်နံ့တွေထွက်နေတဲ့ခန္ဓာကိုယ်ကိုဖြစ်တယ်။ ပုထုဇဉ်တွေပဲတဏှာအတွက်လည်းလုပ်၊ ဘ၀မှာအနှစ်ရှာရာဒါန-သီလ-ဘာဝနာလဲ လုပ်ရမှာပေါ့။အမွှေးအကြိုင်ပက်ဖျန်းပြီး၊ လက်ဝတ်တန်ဆာတွေဆင်မြန်းထားလို့မို့အမြင်က တော့ဟုတ်သလိုလိုအပြင်ပန်းကတော့လှသလို ထင်ရပေမယ့်အတွင်းကတော့ပုပ်လျက် ပုပ်လျက်ပါပဲ။ ခေမာမိဖုရားကခန္ဓာကိုယ်ရဲ့အရှိသဘာဝကို သိသွားပြီးဘိက္ခူနီမပြုကာတရား အားထုတ်လိုက်တာရဟန္တာမကြီးဖြစ်သွားပါတယ်။ {မြင့်ရွှေ(ပေါင်းတည်)၏ ခန္ဓာကိုမြင်ခြင်းနှင့် ဒါန.သီလမှကောက်နုတ်ရေးသား ပူဇော်ပါသည်။}
ဦးသိန်းဝေ။
No comments:
Post a Comment