"ဘ၀ဆိုတာ"
********
ဘ၀ဆိုတာနံနက်ခင်းပွင့်တဲ့ပန်းလိုအမြဲ မွှေးပျံ့မနေနိုင်ဘူး အိမ်မက်ဆိုးမက်တဲ့ညလို ခဏခဏချောက်ခြားမနေဖို့ကိုပဲကြိုးစားပါ။
ဘ၀ဆိုတာချိုသာတဲ့ရယ်သံတွေချည်းနဲ့တော့အမြဲ တန်ဆာဆင်ထားနိုင်မှာမဟုတ်ဘူး အမှောင်ထဲမှာ တိုးတိုးတိတ်တိတ်နဲ့အက်ကွဲနေတဲ့ငိုသံတွေကို ခဏခဏအန်ချမနေမိဖို့ကိုပဲကြိုးစားပါ။
ဘ၀ဆိုတာချစ်ခင်သူတွေနဲ့ချည်းအချိန်ပြည့် ဆုံဆည်းပျော်ရွှင်နိုင်မှာမဟုတ်ဘူး အဆင်မပြေတိုင်း ခဏခဏလွှင့်ပစ်လိုက်ပြန်ကောက်လိုက်လုပ်တဲ့ အမှတ်တရတွေအတွက်အလုပ်မရှုပ်မိအောင်ကိုပဲ ကြိုးစားပါ။
ဘ၀ဆိုတာလိုတရပြီးပြည့်စုံနိုင်ခြင်းနဲ့ချည်း ဖြစ်တည်နေနိုင်မှာမဟုတ်ဘူး မတတ်နိုင်တဲ့ အရာတွေကိုပဲတွေးနေပြီးတတ်နိုင်တာတွေကို မမေ့ထားမိဖို့ကိုပဲကြိုးစားပါ။
ဒါဆိုသင်ဝမ်းနည်းတဲ့အကြိမ်အရေအတွက်ထက် သင်ပြုံးတဲ့အကြိမ်ကပိုများလာလိမ့်မယ်။
Credit: ကြည်ဖြူခင်ခင်
No comments:
Post a Comment